
လူသိနည်းလှသော သံပုရားသီးရဲ့ အသုံးဝင်ပုံများ
(၁)ယားနာ,ပွေးနာ,အရေပြား၌အမဲကွက်များပေါက်ခြင်း/အမွှေးများကျွတ်ခြင်း စသော ရောဂါများအတွက် သံပုရာသီး ကို ထက်ခြမ်းပြု၍ နာနာပွတ်တိုက် ပေး ပါက ပျောက်၏။
(၂)သံပုရာအရည်ကို သကြားအနည်း ငယ် ထည့်၍ သောက်ပါက အရက်မှ ဖြစ်သောအဆိပ်/အစာမှဖြစ်သောအဆိပ် /ဘိန်းမူး
လွန်သော အဆိပ်သင့် နာ များအတွက် လည်းကောင်း အော့အန်ခြင်းများအတွက်လည်းကောင်းပျောက်၏။။
(၃)သံပုရည်ကို သကြားခတ်၍ သောက်ပါက အဆီများ၍ ချောင်းဆိုးခြင်း/ သည်းခြေအားနည်းခြင်း/အဆစ်အမြစ် ကိုက်ခြင်း/
သွားမှသွေးယို စီးခြင်း/ မောပန်းခြင်း/အထိုင်အထသွားလာရာ၌ မူးဝေတတ်ခြင်း စသည် ရောဂါများ ပျောက်ကင်းသက်သာ၏။
(၄)လက်ဖက်ရည်ကျကျ ထဲ သံပုရာရည် ညှစ်သောက်ပါက ခေါင်းကိုက်ရောဂါပျောက်၏။
(၅)သံပုရာရည်ပူပူဖြင့် ပျားရည်ရော၍ နေ့အခါနှစ်ကြိမ်မျှ လျှက်ပါက လည် ချောင်းနာရောဂါ ပျောက်၏။
(၆)သံပုရာသီးကို မီးကျွမ်းအောင် ဖုတ်၍ လေးညှင်းတစ်ပွင့် ထည့်ကြိတ်ပြီး သွားရင်း၌ သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်၏။
(၇)သံပုရာအစေ့ကို ကြိတ်ပြီး နားသယ် တွင် လိမ်းပါက ခေါင်းတစ်ခြမ်းကိုက် ရောဂါပျောက်၏။
(၈)သံပုရာ အခေါက်ကို ရေနှင့်ထက်ဝက် ခန့်ကျို၍ ည နံနက် တစ်ကြိမ်ကျစီ သောက်ပါက အဖျားပျောက်၏။
(၉)သံပုရာသီးအစိမ်း၏ အခွံကို စားပါက လေနာ ရင်နာပျောက်၏။
(၁၀)သံပုရာသီး သနပ်ကို ထမင်းနှင့် အမြဲစားပါက သရက်ရွက်ကြီးသော ရောဂါ ပျောက်၏။
ဆရာ ဘိုးသုခ