ချမ်းသာနေရတဲ့ အကြောင်းအရင်း

တနေ့တော့ လူတယောက်ဟာ နယူးယောက်မြို့က ဘဏ်တခုထဲကို ဝင်လာပြီး ဘဏ်မန်နေဂျာကို ခရီးသွားဖို့

အရေးတကြီး ငွေလိုနေလို့ ဒေါ်လာ ၅၀၀၀ ကို နှစ်ပတ်လောက် ချေးချင်တယ် လို့ ပြောလိုက်တယ် ။

မန်နေဂျာက သူ့ကို သူတို့ဘဏ်မှာ ငွေစာရင်း မဖွင့်ထားလို့ ငွေချေးချင်ရင် အပေါင်ပစ္စည်း ထားဖို့ လိုတယ်လို့ ပြောလိုက်တယ် ။

အဲလူက ဘဏ်ရှေ့မှာ ရပ်ထားတဲ့ သူစီးလာတဲ့ ဖာရာရီ ပြိုင်ကား အနီလေးကို လက်ညိုး ထိုးပြပြီး သူက မန်နေဂျာကို ပြောလိုက်တယ် ။ ” အဲဒါ ငါ့ကားပဲ ။

အဲဒီကားကို ငါ အပေါင် ထားခဲ့မယ် ။ ကားကို မထိခိုက်အောင်တော့ ဂရုစိုက်ပေါ့ကွာ ။ ရော့ ဒီမှာ၊ ကားသော့ ယူထားပါ ”

ဖာရာရီ ကားတစီးရဲ့ တန်ဖိုးဟာ အနည်းဆုံး ဒေါ်လာ တသိန်းလောက် တန်တာမို့ ဘဏ်မန်နေဂျာလည်း ကျေကျေနပ်နပ်နဲ့ပဲ သူ့ကို ဒေါ်လာ ၅၀၀၀ ထုတ်ချေးပေး လိုက်တယ် ။ အဲဒီလူဟာ သူ့ကားကို ဘဏ်မှာထားခဲ့ပြီး တခြားမြို့ကို လေယာဉ်နဲ့ ခရီးထွက် သွားတယ် ။

နှစ်ပတ်လောက် အကြာမှာ နယူးယောက်မြို့ကို ပြန်ရောက်လာတယ် ။ ဘဏ်ကို ရောက်လာပြီး သူချေးထားတဲ့ငွေ ဒေါ်လာ ၅၀၀၀ ကို ပြန်လာဆပ်တယ် ။ နှစ်ပတ်စာ အတိုးအတွက် ဒေါ်လာ ၂၀ ပေးလိုက်တယ် ။ ဘဏ်မန်နေဂျာက သူ့ကို သူ့ဖာရာရီ ကားသော့ကို ပြန်ပေးရင်း ခုလို မေးလိုက်ပါတယ် ။

” ဆရာခင်ဗျား.. ဆရာ ထွက်သွားပြီးတော့ ကျွန်တော်တို့ ဘဏ်က ဆရာ့အကြောင်းကို စုံစမ်း ကြည့်တယ် ။ ဆရာဟာ မီလျံနာ သူဌေးတယောက် ဖြစ်နေတယ် ဆိုတာကို သိလိုက်ရတယ် ။”

” ဆရာဟာ ချမ်းသာသူ တယောက် ဖြစ်နေလျက်နဲ့ ကျွန်တော်တို့ ဆီက ဒေါ်လာ ၅၀၀၀ ချေးရတာလဲ ဆိုတာကို ကျွန်တော် သိချင်လို့ ပြောပြနိုင်ရင် ပြောပြပေး ပါလား ”

ဖာရာရီ ကားပိုင်ရှင်က ခုလို ပြန်ပြောလိုက်တယ် ။

” ဒေါ်လာ ၂၀ နဲ့ နှစ်ပတ်ကြာအောင် ငါ့ကားကို စိတ်ချ လက်ချ ပါကင် ထိုးလို့ရတာ ဘယ်မှာရှိလဲကွ ” တဲ့ ။

သူ့ပိုက်ဆံ အကုန်သက်သာအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို သိလို့ ချမ်းသာနေတာကိုး ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners