ပင်စင်လစာရတဲ့ငွေကို (၁၁) နှစ်တိတိ နေ့စဉ်မပြတ် သောက်ရေအိုးတွေထဲ ရေသန့်ဝယ်ပြီး လာရောက်လှူတန်းနေတဲ့ အဖွား

ပင်စင်လစာရတဲ့ငွေကို (၁၁) နှစ်တိတိ နေ့စဉ်မပြတ် သောက်ရေအိုးတွေထဲ ရေသန့်ဝယ်ပြီး လာရောက်လှူတန်းနေတဲ့ အဖွား

ညောင်ဦးမြို့ တက်သိမ်းမြောက်ရွာမှာ နေတဲ့ အဖွားပါ။

ဆေးရုံအနီးအနားရှိ အများသောက်သုံးနိုင်ရန် သောက်ရေအိုးစင်လေးများကို နေ့စဉ်မပြတ်

သောက်ရေလာရောက်လှူတန်းတာ ယနေ့ ၂၈-၁၁-၂၀၂၀ ရက်မှာ ၁၁နှစ်ပြည့်ခဲ့ပါပီ။

အဖွားဟာ သူ့အမျိုးသားမှရရှိသော ပင်စင်လစာ လေးများထဲမှ ရေသန့်လေးတွေကို တကူးတက ဝယ်ပီး

၇ ရက်သားသမီးများ သန့်ရှင်းစွာသောက်သုံးနိုင်ရန် ယခုလို ရေပုံးလေးနဲ့

လိုက်လံပီးရေအိုးစင်လေးတွေကို နေစဉ်ရေဖြည့်နေခြင်းဖြင့်ကုသိုလ်ယူနေတာ ဖြစ်ပါတယ်။

အဖွားရေ သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်ခင်မျ။ရေလှူခြင်းအကျိုးကျေးဇူးများစွာကို

အဖွား ရရှိပီး သက်ရှည်ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်ပါစေလို့ အားလုံးကိုယ်စား ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်

ခင်ဗျာ အဖွားရေ၊ ရေအကျိုးဆယ်ပါး အကျိုးများစေ ပေးငှဝေသည် ကောင်းကျိုးကိုယ်၌ တည်ပါစေ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners