ဟင်းချက်အမွှေးအကြိုင်ကုန်စိမ်းတွေကို တာရှည်ခံအောင်သိမ်းဆည်းနည်

ဟင်းချက်အမွှေးအကြိုင်ကုန်စိမ်းတွေကို တာရှည်ခံအောင်သိမ်းဆည်းနည်း

ဒီနေ့ကတော့ အိမ်ရှင်မတွေအတွက် မရှိမဖြစ်ဆောင်ထားတတ်ကြတဲ့ဟင်းချက်အမွှေးအကြိုင်ကုန်စိမ်းတွေကို

တာရှည်ခံအောင်သိမ်းဆည်းနည်းလေးဝေမျှပါရစေ..

ကျွန်မကတော့ အိမ်မှာဟင်းချက်ရင်အမွှေးအကြိုင်အဆာပလာတွေထည့်ချက်ရတာသဘောကျသူမို့


ငရုတ်သီးစိမ်း၊ နံနံပင်၊ရှမ်းနံနံ၊ပျဥ်းတော်သိမ်ရွက်ကြက်သွန်မြိတ်၊ ကုဆိုင်၊ ပင်စိမ်း အစရှိတဲ့အရွက်တွေကိုအမြဲဆောင်ထားလေ့ရှိပါတယ်။

အဲ့အရွက်တွေကျတော့ ဝယ်လာပြီးချက်ချင်း (သို့) ၂/၃ ရက်လောက်အတွင်းသုံးမှလတ်ဆတ်ပြီး

ကြာရင်ရိပြီးဝါလာတာမျိုးတွေဖြစ်တတ်လွန်းလို့ ခဏခဏမသုံးဖြစ်ဘဲပစ်လိုက်ရတာတွေရှိတယ်။

အရွက်တွေကိုစိမ်းစိမ်းစိုစိုလေးနဲ့ဘယ်လိုလတ်ဆတ်အောင်ထားရမလဲနည်းလမ်းရှာရင်း အဆင်ပြေတဲ့နည်းတွေ့သွားလို့ပြန်လည်ဝေမျှတာပါ..


ဝယ်လာတဲ့ကုန်စိမ်းအရွက်တွေကိုရေဆေးပြီးသိမ်းရင်မတော်ရိကုန်မှာစိုးလို့ သိမ်းရင်ရေမဆေးတော့ဘဲ သိမ်းပြီးထုတ်ချက်ခါနီးမှဆားရေစိမ်ပြီးရေသန့်နဲ့ထပ်စိမ်ဆေးပါတယ်။

ဝယ်လာတဲ့ကုန်စိမ်းအရွက်တွေကို ကြွတ်ကြွတ်အိတ်ထဲကထုတ်ပြီး ဇကာနဲ့ရေပြောင်အောင်စစ်ထားပါတယ်။

ရေလုံးဝခြောက်သွေ့သွားပြီဆိုရင် မကောင်းတဲ့နေရာလေးတွေကိုဖယ်ထုတ်ပြီးမျိုးတူရာခွဲပြီး

တစ်မျိုးစီကို ရေလုံတဲ့ဖန်ပုလင်းထဲထည့်၊ အဖုံးသေချာပိတ်ပြီးရေခဲသေတ္တာထဲကအသီးအရွက်ထည့်တဲ့အအေးခန်းထဲမှာပဲသိမ်းပါတယ်။

ငရုတ်သီးစိမ်းကိုတော့အညှာခြွေပြီးသိမ်းရင်ပိုအထားခံပါတယ်။

ပုံထဲမှာပြထားတာက နည်းနည်းပဲကျန်တဲ့လက်ကျန်မို့ဒီအတိုင်းသိမ်းလိုက်တာပါ။

အပေါ်မှာပြောထားသလိုနည်းနဲ့သိမ်းတယ်ဆိုရင် အနည်းဆုံးတစ်ပတ်လောက်တော့ စိမ်းစိမ်းစိုစိုခြောက်ခြောက်သွေ့သွေးလေးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။


လေလုံတဲ့ဖန်ပုလင်းဆိုတာလည်းတကူးတကရှာဝယ်တာမျိုးမဟုတ်ဘဲ သုံးပြီးသား အိုဗာတင်းပုလင်း၊ ဟောလစ်ပုလင်း၊

ကော်ဖီမှုန့်ပုလင်းလိုပုလင်းမျိုးတွေကိုပြန်သုံးဖို့ပြောတာပါ။

ပလတ်စတစ်လေလုံဗူးနဲ့သိမ်းဖူးပေမယ့်ရေငွေ့ပြန်ကျတတ်လို့ ဖန်ဗူးနဲ့သိမ်းတာလောက်အဆင်မပြေပါဘူး။

ဟင်းချက်ခါနီးမှ ငရုတ်သီးစိမ်း / နံနံပင် / ရှမ်းနံနံ / ပျဥ်းတော်သိမ် ကုန်နေလို့ချက်ရတာဘာလိုမှန်းမသိခဏခဏ

ဖြစ်တတ်လွန်းတဲ့ကျွန်မအတွက်ဒီနည်းလေးကတော့တော်တော်ကိုအဆင်ပြေစိတ်ချမ်းသာရလို့ပြန်လည်ဝေမျှတာပါရှင့်

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners