နောက်တခါ အအေးဗူးတွေ ဘီယာဗူး တွေဖောက်တော့မယ်ဆိုရင် ဒီအချက်ကိုမဖြစ်မနေသတိရပါ

အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့စကားအတိုင်းသင့်အနေနဲ့မဖြစ်မနေသိထားသင့်ပါတယ်တခါတလေ အင်တာနက်သုံးနေရင်းနဲ့ရူးကြောင်ကြောင်သတင်း တွေ့ဖူးကြမှာပါ။

ဘယ်လိုမျိုးတွေလည်းဆိုတော့ မိသားစု အကုန်လုံး soda ဘူးဖောက်သောက်ရင်းအဆိပ်သင့်သလိုဖြစ်ပြီးသေသွားတယ်ဆိုတဲ့ သတင်းလိုမျိုးပေါ့။

ဒါပေမယ့် အခုပြောပြချင်တာက တကယ်သေနိုင်လား?မသေနိုင်ဘူးလား?

မသေဘူးဆိုရင်ကောဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လည်း? ဘယ်လိုရှောင်ကျဉ်သင့်သလည်း?ဆိုတာမျိုးတွေဖြစ်ပါတယ်။

တစ်ခုလောက်မေးကြည့်ချင်ပါတယ်။ရိုးရိုးသားသားဖြေကြတာပေါ့။

အိမ်ကနေအဝေးရောက်နေတဲ့အခါမျိုးတွေမှာ သံဘူးနဲ့လုပ်ထားတဲ့ အအေးတွေ၊ဆိုဒါတွေ၊ဘီယာဘူးတွေကိုသောက်တဲ့အခါမှာ ဒီအတိုင်းဖောက်ပြီးတော့ သံဘူးနဲ့ဘဲသောက်ဖြစ်ကြပါသလား?

မဖောက်သောက်ခင်တုန်းက မသန့်ရှင်းမှာစိုးလို့ဆိုပြီးမျက်နှာပြင် တဝိုက်ကို Tissue နဲ့သုတ်မိကြပါသလား?အဲ့လောက်နဲ့သန့်ရှင်းသွားပြီလို့ထင်လိုက်ပါသလား?

ကဲ အဲ့ဒါတွေအကုန်လုံးအတွက် အဖြေတွေကိုအောက်မှာဖော်ပြပေးထားပါတယ်။

သံဘူး တွေအကုန်လုံးကို စက်ရုံ ကနေထုတ်လိုက်ပြီဆိုကတည်း က ပလတ်စတစ်တွေနဲ့ထုတ်ပိုးထားခဲ့ပါတယ်။

ဘာလို့လည်းဆိုတော့ အခြား ဖုန်တွေ အညစ်အကြေးတွေမတက်နိုင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအနေအထားအတိုင်းဘဲ စူပါမားကတ်တွေကိုပို့ဆောင်ပါတယ်။

သံဘူးတွေဟာ စူပါမားကတ်တွေရဲ့ အရောင်းစင်တွေမှာရက်ပေါင်းများစွာ ရှိနေတာကြောင့် အချို့သောဖုန်တွေတက်နေနိုင်ပါတယ်။

ဒါကြောင့် မသောက်ခင်မှာသန့်ရှင်းရေးလုပ်ပေးတာအကောင်းဆုံးပါဘဲ။

ဒါပေမယ့် အမှန်တကယ်ကတော့ သံဘူးတွေအရမ်းညစ်ပတ်နေလို့ဆိုပြီး ဆပ်ပြာမှုန့်တွေသုံးပြီးတိုက်ချွတ်ဆေးကြောတာကတော့ လုံးဝမလိုအပ်တဲ့နည်းလမ်းဘဲဖြစ်ပါတယ်။

ဘာဘဲဖြစ်ဖြစ်ပါ၊ နောက်တစ်ခါ သံဘူးတွေကိုဖွင့်သောက်တော့မယ်ဆိုရင်အခုပြောမယ့်အချက်လေးတွေကို ထည့်သွင်းစဉ်းစားပေးပါ။

သံဘူးကိုသန့်ရှင်းပေးပါ။ ဘာလို့လည်းဆိုတော့ စတိုးဆိုင်မှာဘယ်လိုပုံစံမျိုးနဲ့ဘယ်အချိန်ထဲကသိမ်းထားတယ်ဆိုတာကို သင်မသိနိုင်လို့ပါဘဲ။

Tissue သုံးမယ်ဆိုရင်လည်း တစ်ခုသိထားရမှာက Tissue က ဖုန်တွေကိုဘဲဖယ်ရှားပေးနိုင်တာပါ။ပိုးတော့မသတ်ပေးနိုင်ပါဘူး။

သံဘူးက ကောင်းကောင်းမွန်မွန်အနေအထားနဲ့ရှိနေသလားဆိုတာကိုသေချာစစ်ဆေးပါ။ သံချေးတက်နေလား?ပျက်စီးနေလား?ပိန်ရှု့ံ့နေသလား?

သံဘူးဟာဖောင်းကြွနေတယ်ဆိုရင်တော့ မသင့်တင့်တဲ့ ပိုးသတ်နည်းကိုအသုံးပြုထားတာကြောင့်ညစ်နွမ်းနေမှာဖြစ်ပါတယ်။

အကယ်၍များ သံဘူးရဲ့ဘေးမှာ အပေါက်သေးသေးလေးတွေရှိနေတာကြောင့်ဆိုရင်လည်းအဲ့ဒီလိုဖြစ်နိုင်ပါတယ်။

ပျက်စီးနေတယ်ဆိုရင်တော့ အတွင်းပိုင်းကအရာတွေဟာအရည်တွေနဲ့သတ္ထုတွေကိုပေါင်းစပ်သွားစေနိုင်တာကြောင့် အန္တရာယ်ရှိပါတယ်။

သတ္ထုကသာ သံချေးတက်နေမယ်ဆိုရင် အဲ့ဒီသံချေးဟာအရည်တွေနဲ့ရောသွားပြီး မသောက်သုံးသင့်တော့ပါဘူး။

နောက်ဆုံးပြောပြချင်တာကတော့ အကြံဉာဏ်ရိုးရိုးလေးတစ်ခုပေးချင်ပါတယ်။ သင်ကိုယ်တိုင်လည်း အင်တာနက်မှာရှာဖွေတွေ့ရှိသမျှကိုအလုံးစုံယုံစရာမလိုပါဘူး။

အခုအကြောင်းအရာလည်းအပါအဝင်ပေါ့။ဒါပေမယ့် တစ်ခုတော့စဉ်းစားကြည့်ပါ။ သင်ကိုယ်တိုင်ကကို အဲ့ဒီသံဘူးတွေဟာစတိုးဆိုင်တွေ၊စတိုခန်းတွေထဲမှာဘယ်လိုသိမ်းဆည်းခံထားရသလည်း

ဆိုတာကိုမသိနိုင်တဲ့အတွက်ကြောင့်မို့လို့အသုံးမပြုခင်မှာ သန့်ရှင်းရေးပြုလုပ်ပြီးမှသောက်သုံးတာအကောင်းဆုံးပါဘဲ။

နောက်တစ်နည်းအနေနဲ့ဆိုရင်တော့ တခြားပုလင်းထဲ(သို့)ခွက်တခုခုထဲကိုတဆင့်ပြောင်းလဲပြီးမှ သောက်သုံးတာလည်းအကောင်းဆုံးဘဲဖြစ်ပါတော့တယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners