မိမိဖုန်း အဟတ် ( Hacked ) ခံထားရပြီဆိုတာ သိနိုင်မယ့် နည်းလမ်းများ

ဖုန်းတစ်လုံးကို ဘယ်လိုနည်းနဲ့ ဟက်လို့ ရနိုင်လဲ ဖုန်းတစ်လုံးကို ဟက်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ် ။

Spy Phone App , Spyzie နဲ့ Spyera အစရှိတဲ့ App တွေကိုအသုံးပြုပြီးတော့ ဟက်နိုင်သလို အင်တာနက် ကဖေးတွေ မှာ လွှင့်ထားတဲ့ ဖရီးဝိုင်ဖိုင်တွေက တစ်ဆင့်လည်း ဟက်နိုင် ပါသေးတယ် . ။

ထို့အပြင် SMS Phishing လို့ခေါ်တဲ့ အယောင်ဆောင် စာပို့မှု တွေနဲ့ သုံးစွဲသူ ဆီက အချက်အလက်တွေကို တောင်းယူကာ ဘဏ်အကောင့်

သို့မဟုတ် ဓါတ်ပုံတွေကို ဟက်ယူနိုင်သေးသလို SS7 လို့ ခေါ်တဲ့ ကြားဖြတ် ဖုန်းခေါ်ဆိုမှု ကိုနားထောင်တဲ့ နည်းစနစ်တွေ လည် းရှိနေ ပါသေးတယ် ။

ဒီတော့ ကိုယ့်ဖုန်း အဟက်ခံ ထားရရင် ဘယ်လိုသိနိုင်မလဲ ။
ကိုယ်မသိပဲ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ စပိုင် ပရိုဂရမ် တစ်ခုရှိ နေတာကြောင့် ဖုန်း ဘတ္ထီရီ ကုန်တာအရမ်းမြန်လာမယ်

ဖုန်းမသုံးပဲ ချထားရင်တောင်မှ အလိုအလျောက် ပူလာနေမယ်။
အလိုအလျောက် ပိတ်သွားတာမျိုး ၊ အလိုအလျောက် ဖုန်းခေါ်ဆိုတာမျိုး တွေ ရှိလာမယ် ။

Call History မှာ ကိုယ်မသိတဲ့ နံပတ်တွေ ပေါ်နေမယ် ။ ပါဝါခလုတ် ဖိထားရင် ဖုန်းပိတ်ရမယ့် အစား အခြား app တွေပွင့်လာမယ် . ။

ဖုန်းပြောတဲ့ အခါ ဆူညံသံတွေ ကြားနေ ရလိမ့်မယ် ။
ဒါဆိုရင် ကိုယ့်ဖုန်းကို ဘယ်လို ကာကွယ်ရမလဲ ။ ကိုယ့်ဖုန်းထဲ SMS က တစ်ဆင့်ဝင်လာတဲ့ အင်တာနက် လိပ်စာလင့်တွေကို ဘယ်တော့မှ မနှိပ်ပါနဲ့ ။

ကိုယ့်ကွန်ပြူတာ မဟုတ်တဲ့ အခြား ကွန်ပြူတာ တစ်လုံးမှာတပ်ပြီး အားသွင်းတဲ့အခါ Only Charging ကိုပဲ ရွေးပါ ။
Remember Psswords ဖန်ရှင်ကို ဘယ်တော့မှ မသုံးပါနဲ့ ။

အခမဲ့ ဝိုင်ဖိုင် တွေမှာ ဆိုရင်လည်း Password ခံထားတဲ့ ဝိုင်ဖိုင်တွေ ကိုသာ ရွေးသုံးပါ ။


(ဝိတ်တာတွေ ဆီမှာ Password တောင်းပါ) အွန်လိုင်းငွေ ပေးချေ စနစ်တွေ အသုံးပြုတဲ့ အခါ မျိုးမှာ ဝိုင်ဖိုင် အသုံးပြုပြီး ငွေလွှဲတာ မျိုးလုံးဝ မပြုလုပ်သင့် ပါဘူး ။

ဖုန်းထဲမှာ Anti-virus ပရိုဂရမ် တစ်ခု ထည့်သွင်းထားတာ အကောင်းဆုံး ပါပဲ နော်

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners