တစ်နေကုန်တောင်းရမ်းပြီး ရလာတဲ့ ထမင်းထုပ်အား ဗိုက်ဆာနေသော်လည်း ညီမလေးကို ဦးစားပေးကာ ခွံ့ကျွေးနေသော ကောင်လေ

တစ်နေကုန်တောင်းရမ်းပြီးမှ ရလာသော ထမင်းထုပ်လေးအား ဗိုက်အရမ်းဆာနေသော်လည်း ညီမလေးဖြစ်သူကို ဦးစားပေးကာ ခွံ့ကျွေးခဲ့သော ကောင်လေး

ဖိလစ်ပိုင်နိုင်ငံ QuezonCityလမ်းမပေါ်တွင် နေထိုင်သော မိဘမဲ့ အိမ်ခြေရာမဲ့ဖြစ်နေသော မောင်နှမနှစ်ယောက်ဧ။် ပုံရိပ်လေးသည် မြင်တွေ့သူတိုင်းဧ။် စိတ်နှလုံးကို ထိရောက်စေခဲ့ပြီး မျက်ရည်ကျစေခဲ့သည်။

မောင်နှမနှစ်ဦးမှ အစ်ကိုဖြစ်သူသည် ဒေသရှိ ကြက်ကြော်ဆိုင်လေးရှေ့တွင် အမြဲလိုလိုတောင်းရမ်းလေ့ရှိပြီး တစ်ခါတစ်လေ တစ်နေသာကုန်သွားသော်လည်း စားစရာမရှိသည့် နေ့ရက်လေးတွေနှင့် ကြုံခဲ့ရရှာသည်။

ကောင်လေးသည် တောင်းရမ်း၍ရသော စားစရာထုပ်လေးကို ဆွဲပြီးညီမလေးဖြစ်သူရှိရာသို့ အပြေးအလွှားသွားရောက်ကာ မည်မျှဆာလောင်နေပါစေ အရင်မစားပဲ ညီမလေးကိုသာ ဂရုတစိုက်နှင့် နွေးထွေးကြင်နာစွာ ခွံ့ကျွေးခဲ့သည်။

ကောင်လေးသည် စားစရာရလာသည့်နေ့တွင် မျက်နှာလေးမှာ ပြုံးပျော်ရွှင်ပြီး ညီမလေးစားလို့ ဝမှသာ အကြွင်းအကျန်လေးကို ဆက်စားပြီး ဘဝကိုကြမ်းတမ်းခက်ခဲစွာ ဖြတ်သန်းခဲ့သည်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners