သင့်လက်ကောက်ဝတ်ပေါ်မှာ ဘယ်နှစ်ကြောင်းပါလဲ ပြီးရင် ဘာတွေဖြစ်တတ်သလဲ

လက်ဝါးပြင်က လမ်းကြောင်းတွေလိုပဲ လက်ကောက်ဝတ်က လမ်းကြောင်းလေးတွေကနေလည်း သင့်ရဲ့ ကံကြမ္မာကို ကောင်းကောင်း သိနိုင်ပါတယ်။ လက္ခဏာပညာတတ်စရာမလိုဘဲ အလွယ်တကူနဲ့ လူတိုင်းကြည့်ြ့ပီးတော့ နားလည်နိုင်တဲ့ နည်းလေးကိုသုံးပြီး

ကံကြမ္မာ တစ်စိတ်တစ်ပိုင်းကို ကျွန်တော်တို့တွေ အခုပဲ ကြည့်လိုက်ရအောင်။ ပုံမှန်ဆိုရင်တော့ သာမန်လူတစ်ယောက်မှာ လက်ကောက်ဝတ်မှာ လမ်းကြောင်း ၂ ကြောင်း သို့မဟုတ် လမ်းကြောင်း ၃ ကြောင်းရှိတတ်ပါတယ်။ ထိုလမ်းကြောင်းတွေကတော့

လမ်းကြောင်း ၁

အပေါ်ဆုံးလမ်းကြောင်းက လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ပြပါတယ်။ လမ်းကြောင်းထင်ရှားပြီး တစ်ဆက်တည်းရှိမယ်ဆိုရင် ကျန်းမာရေးအရမ်းကောင်းတယ်ဆိုတာကို ပြပါတယ်။

လမ်းကြောင်းက တကယ်လို့ မှိန်းဖျော့နေမယ်၊ အပြတ်တွေများနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကို ပြောင်းပြီးတော့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာကို ပြပါတယ်။


လမ်းကြောင်း ၂

ဒုတိယမြောက်လမ်းကြောင်းက ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ပြပါတယ်။ ပထမလမ်းကြောင်းလိုပဲ ဒီလမ်းကြောင်းကလည်း ထင်းပြီး ဖြောင့်တန်းနေမယ်ဆိုရင် အောင်မြင်တွေ ပျော်ရွှင်မှုတွေ ရမယ်

စည်းစိမ်၊ဥစ္စာတွေရမယ်ဆိုတာကို ပြပါတယ်။ တကယ်လို့ ဒီလမ်းကြောင်းညံ့တယ်ဆိုရင် ငွေကြေးအခက်အခဲ အမြဲကြုံရတတ်တယ်ဆိုတာကို ပြပါတယ်။

လမ်းကြောင်း ၃

လူတိုင်းနီးပါးမှာ လမ်းကြောင်း ၂ ကြောင်းပုံမှန်ရှိတတ်ပေမယ့် လမ်းကြောင်း ၃ကြောင်း ရှိတဲ့သူတွေလည်း ရှိပါတယ်။ တတိယလမ်းကြောင်းရှိတဲ့သူတွေက အရမ်းခိုင်မာ အားကောင်းတဲ့စိတ်ဓာတ်ရှိပြီး

လူအများကတောင် ကြောက်ရွံံ့ရတဲ့ အစွမ်းရှိပါတယ်။ တကယ်လို့ လမ်းကြောင်းက ထင်ရှားလေ ပိုပြီးတော့ အင်အားကောင်းလေပဲ ဖြစ်ပါတယ်။


လမ်းကြောင်း ၄

ဒီလမ်းကြောင်းကတော့ အလွန်ကိုတွေ့ရခဲ့တဲ့ လမ်းကြောင်းဖြစ်ပြီး သက်တမ်းနဲ့ လည်းဆိုင်ပါတယ်။ ဒီလမ်းကြောင်းသာ တကယ်လို့ ရှားရှားပါးပါးရှိပြီဆိုရင် အသက်အရမ်းရှည်ပြီး သားသမီးကံလည်း ကောင်းပါတယ်။ အားလုံးပဲ လိုရာဆန္ဒတွေပြည့်ကြပါစေ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners