အသားအရေ အိုမင်း ရင့်ရော်မှု ကနေ ကာကွယ်ပြီး ဖြူ ဝင်းစေဖို့ သဘာဝ နည်းလမ်း နဲ့ ပေါင်းတင်မယ်

အသားအရေ အိုမင်း ရင့်ရော်မှု ကနေ ကာကွယ်ပြီး ဖြူ ဝင်းစေဖို့ သဘာဝ နည်းလမ်း နဲ့ ပေါင်းတင် မယ်

မင်္ဂလာပါနော်။ မျက်နှာ အသားအရေ လေး ဖြူ ဝင်းနေစေဖို့ သဘာဝေ ပေါင်းတင်နည်း တွေ အများကြီးကို ကနေ မျှဝေပေးနေပါတယ်။ ဒီတခါမှာတော့ သဘာ၀ နည်းလမ်း တစ်မျိုးနဲ့ ပေါင်းတင်ပြီး အသားအရေ အိုမင်းရင့်ရော်မှု ကနေ ကာကွယ်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်း

ကြက်ဥ အကာ ၁ လုံး

လိမ္မော်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (မုန်လာဥနီအရည်ကိုလည်း အစားထိုးသုံးနိုင်ပါတယ်။)

နနွင်းမှုန် အနည်းငယ်

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ခြင်း


ခွက်တစ်လုံးထဲမှာ ကြက်ဥအကာ ကို အရင်ထည့်ပါ။ ပြီးရင် နနွင်းနဲ့ လိမ္မော်ရည်ထည့်ပြီးရောကာ သေချာမွှေပေးပါ။ အဲဒီနောက် အသားအရေခြောက်သွေ့တယ်ဆိုရင် ပျားရည် ထည့်ပါ။ ပုမှန် အသားအရေ ဆို မထည့်လည်းရပါတယ်။ ပြီးရင်တော့ သေချာထပ်မွှေပါ။

ဒါဆိုရင်သုံးလို့ရပါပြီနော်။ အရင်ဆုံး မျက်နှာ ကို ရေနွေး တယ်ဆိုရုံလောက်လေးနဲ့ မျက်နှာသစ်ပြီး တဘက်နဲ့ခြောက်အောင်သုတ်ပါ။ အဲဒီနောက် Brush (သို့) ဝါဂွမ်းစကိုယူပါ။ ပြီးရင်အဲဒါနဲ့ စောစောက ရောထားတဲ့ အရည် တွေကို မျက်နှာပေါ်မှာလိမ်းပေးပါ။ မျက်ခုံးမွှေး နဲ့ မျက်လုံး နားတစ်ဝိုက်ကိုရှောင်လိမ်းပါ။ ၅ မိနစ်လောက်ထားပြီးရင် နောက်ထပ်တစ်ထပ် ထပ်လိမ်းပါ။ ပြီးရင် ၁၅ မိနစ်လောက်ထပ်ထားပါ။

အဲဒီနောက် တဘက်တစ်ခုကိုယူပြီး ရေနွေး နဲ့စိမ်လိုက်ကာ မျက်နှာပေါ်မှာလိမ်းထားတာတွေကို သုတ်ပေးလိုက်ပါ။ ပြီးရင် ရေနွေါ်တယ်ဆိုရုံလောက်လေးနဲ့ မျက်နှာသစ်ပေးပြီး Moisturizer လိမ်းပေးပါ။

ရေထားတဲ့ အရည် တွေကနေ်သေးတယ်ဆိရင် လေလုံတဲ့ ပုလင်းတစ်လုံးထဲထည့်ထားလို့ရပါတယ်။ ၅ ရက်ခံပါတယ်ရှင်။ ဒီမျက်နှာ ပေါင်းတင်နည်း ကို ၁ ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။ ၁ လတိတိလုပ်ပေးပါ။


အကျိုးကျေးဇူးများ

ကြက်ဥအကာ

ကြက်ဥအကာ မှာ သဘာဝအတိုင်း ချွေးပေါက် လေး တွေကို ကျဉ်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ပရိုတင်းဓါတ်ကြွယ်ဝလို့ အသားအရေကို တင်းတင်း လေးဖြစ်စေပြီး အရေးကြောင်းဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဝက်ခြံနဲ့အမည်းစက်တွေကိုလည်း ဖယ်ရှားပေးပြီး အသားအရေလေး နုပျိုစေမှာဖြစ်ပါတယ်။

လိမ္မော်ရည်

လိမ္မော်ရည် မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို သဘာဝအတိုင်း ဖြူဝင်းစေပါတယ်။ ဝက်ခြံလေးတွေပျောက်ကင်းဖို့လည်းကူညီပေးပြီး ပိုတက်ဆီယမ် ၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပါဝင်လို့ အသားအရေ ကို ပြန်လည် နုပျိုစေပြီး ရေဓါတ်ဖြည့်တင်းပေးပါတယ်။

နနွင်း

နနွင်း မှာ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ တွေနဲ့ ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အသားအရေပေါ် ဘက်တီးရီးယား ကပ်ငြှိခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။အသားနီခြင်း၊ ရောင်ရမ်းခြင်းကနေကာကွယ်ပေးပြီး သဘာဝအတိုင်းဖြူ ဝင်းစေပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners