အိမ်တွင်းဖြစ် ဆံပင်ဖြောင့်ဆေးနည်

အိမ်တွင်းဖြစ် ဆံပင်ဖြောင့်ဆေးနည်း

သဘာဝအလျောက် ဆံပင်မဖြောင့်တဲ့ အမျိုးသမီးတွေအတွက်တော့ ဆံပင်ဖြောင့်စက်ဆိုတာ သူတို့ရဲ့ အဖော်ကောင်းပါပဲ။ ဒါပေမယ့် ပူစပ်စပ်ရာသီဥတုမျိုးနဲ့ ဆံပင်ဖြောင့်စက်ကတော့ နည်းနည်းမှ အဆင်မပြေပါဘူး။ ရာသီဥတုပူရင် ဒါကို ဆက်သုံးဖို့ အခက်အခဲရှိလာပါတယ်။

အပြင်အပူချိန် ၄၀ ဒီဂရီ ရှိနေပြီး အရေးကြီးပွဲတစ်ခုခု မဖြစ်မနေတက်ရမယ့်အချိန်မျိုးမှာ ဆံပင်ကို ဘယ်လိုလုပ်ရမယ် မသိကြတော့ပါဘူး။ ဆံပင်အဖြောင့်ဆွဲစက် ထည့်စဉ်းစားစရာမလိုဘဲ ဖြေရှင်းနည်းတစ်ခု ရှိပါတယ်။
လိုအပ်သည်များ

အုန်းနို့ (၁) ခွက်

သံပုယိုသီး တစ်လုံးစာ အရည်

သံလွင်ဆီ ထမင်းစားဇွန်း (၂) ဇွန်း

ပြောင်းမှုန့် ထမင်းစားဇွန်း (၃) ဇွန်း

ပြုလုပ်ပုံပြုလုပ်နည်း

ပြောင်းမှုန့်နဲ့ သံပုယိုရည် ရောပြီး တစ်သားတည်း ဖြစ်အောင် ရောမွှေပါ။ နောက် ပန်းကန်တစ်ခုထဲမှာ အုန်းနို့နဲ့ သံလွင်ဆီရောစပ်ပါ။ ပြီးနောက် ပြောင်းမှုန့်နဲ့ သံပုယိုရည်အရောအနှောကို ပေါင်းထည့်ရပါမယ်။ မလိုင်ကဲ့သို့ မွတ်ညက်တဲ့ အပျစ်အကျဲ မရမချင်း အပူပေးပြီး မွှေပေးပါ။

အေးအောင် စောင့်ပြီး ဆံပင်မှာ လိမ်း၊ shower cap လေးနဲ့ အုပ်ထားပေးရမယ်။ ၂ နာရီကြာပြီးနောက် ပုံမှန်အတိုင်း ပုံမှန်လျှော်နေကျအတိုင်း ခေါင်းကို လျှော်ပေးလိုက်ရုံပါပဲ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners