အိပ်ယာခင်းနဲ့ခေါင်းအုံးစွပ်တွေကိုပုံမှန်မလျှော်ခြင်းကြောင့်ဖြစ်ပေါ်လာမယ့်အရာများ

အိပ်ယာခင်းနဲ့ခေါင်းအုံးစွပ်တွေကိုပုံမှန်မလျှော်ခြင်းကြောင့်ဖြစ်ပေါ်လာမယ့်အရာများ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေက အမြဲပုံမှန်လျှော်ပြီး လဲပေးဖို့လိုပါတယ်။ ၂ ပတ် တစ်ခါ လဲပေးရင်တော့ အကောင်းဆုံးပါပဲ။

ဒီလို အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလျှော်ခြင်းကြောင့် ဒီလိုအရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။


ဝက်ခြံထွက်တာ၊ အသားယားတာ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလျှော်ပဲ၊ မလဲပဲနဲ့ထားရင် အသားတွေယားတာ၊ အလက်ဂျစ်တွေထတာ၊ ခေါင်းအုံးစွပ်မလဲရင် ဝက်ခြံထွက်တာ၊ အဆီဖုထွက်တာတွေ ဖြစ်လာပါလိမ့်မယ်။

Skin ကောင်းချင်ရင် ဒါတွေကို ဂရုတစိုက်လဲပေးဖို့ အရမ်းအရေးကြီးပါတယ်။

နှာချေတာ၊ နှာမွှန်တာ၊ နှာခေါင်းယားတာ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်ကို မလဲပဲထားရင် ဘတ်တီးရီးယားတွေကပ်နေပြီး နှာချေတာ၊ နှာမွှန်တာ၊ နှာခေါင်းယားတာတွေ ဖြစ်လာပါလိမ့်မယ်။

အရမ်းဆိုးရင် allergies နဲ့ asthma ပါ ဖြစ်သွားတတ်ပါတယ်။ အသက်ရှူလမ်းကြောင်း ထိခိုက်နိုင်ပါတယ်။


ခေါင်းယားတာ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်ကိုမလဲရင် အသားယားတာတင်မဟုတ်ပဲ ခေါင်းတွေပါယားလာပါလိမ့်မယ်။

နောက်ဆက်တွဲပြဿနာကတော့ ခေါင်းတွေယားပြီး ဦးရေပြားမသန့်ရှင်းတဲ့အတွက် ဗောက်ထတာတွေပါ ဖြစ်လာပါတယ်။

မျက်လုံးယားတာ၊ နီရဲတာ

မျက်လုံးကိုထိတာကတော့ အဓိက ခေါင်းအုံးစွပ်ကြောင့်ပါ။ ခေါင်းအုံးစွပ်ကို ပုံမှန်မလဲပေးပဲထားတာက ကြာလာရင် မျက်သားယားပြီး နီရဲတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။

ဒါကြောင့် ခေါင်းအုံးစွပ်နဲ့ အိပ်ယာခင်းက အမြဲလဲနေပေးဖို့၊ သေချာလျှော်ပေးဖို့ လိုပါတယ်။

အိပ္ယာခင္းနဲ႔ေခါင္းအုံးစြပ္ေတြကိုပုံမွန္မေလွ်ာ္ျခင္းေၾကာင့္ျဖစ္ေပၚလာမယ့္အရာမ်ား

အိပ္ယာခင္းနဲ႔ ေခါင္းအုံးစြပ္ေတြက အၿမဲပုံမွန္ေလွ်ာ္ၿပီး လဲေပးဖို႔လိုပါတယ္။ ၂ ပတ္ တစ္ခါ လဲေပးရင္ေတာ့ အေကာင္းဆုံးပါပဲ။

ဒီလို အိပ္ယာခင္းနဲ႔ ေခါင္းအုံးစြပ္ေတြကို ပုံမွန္မေလွ်ာ္ျခင္းေၾကာင့္ ဒီလိုအရာေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။


ဝက္ၿခံထြက္တာ၊ အသားယားတာ

အိပ္ယာခင္းနဲ႔ ေခါင္းအုံးစြပ္ေတြကို ပုံမွန္မေလွ်ာ္ပဲ၊ မလဲပဲနဲ႔ထားရင္ အသားေတြယားတာ၊ အလက္ဂ်စ္ေတြထတာ၊ ေခါင္းအုံးစြပ္မလဲရင္ ဝက္ၿခံထြက္တာ၊ အဆီဖုထြက္တာေတြ ျဖစ္လာပါလိမ့္မယ္။

Skin ေကာင္းခ်င္ရင္ ဒါေတြကို ဂ႐ုတစိုက္လဲေပးဖို႔ အရမ္းအေရးႀကီးပါတယ္။

ႏွာေခ်တာ၊ ႏွာမႊန္တာ၊ ႏွာေခါင္းယားတာ

အိပ္ယာခင္းနဲ႔ ေခါင္းအုံးစြပ္ကို မလဲပဲထားရင္ ဘတ္တီးရီးယားေတြကပ္ေနၿပီး ႏွာေခ်တာ၊ ႏွာမႊန္တာ၊ ႏွာေခါင္းယားတာေတြ ျဖစ္လာပါလိမ့္မယ္။

အရမ္းဆိုးရင္ allergies နဲ႔ asthma ပါ ျဖစ္သြားတတ္ပါတယ္။ အသက္ရွဴလမ္းေၾကာင္း ထိခိုက္ႏိုင္ပါတယ္။


ေခါင္းယားတာ

အိပ္ယာခင္းနဲ႔ ေခါင္းအုံးစြပ္ကိုမလဲရင္ အသားယားတာတင္မဟုတ္ပဲ ေခါင္းေတြပါယားလာပါလိမ့္မယ္။

ေနာက္ဆက္တြဲျပႆနာကေတာ့ ေခါင္းေတြယားၿပီး ဦးေရျပားမသန႔္ရွင္းတဲ့အတြက္ ေဗာက္ထတာေတြပါ ျဖစ္လာပါတယ္။

မ်က္လုံးယားတာ၊ နီရဲတာ

မ်က္လုံးကိုထိတာကေတာ့ အဓိက ေခါင္းအုံးစြပ္ေၾကာင့္ပါ။ ေခါင္းအုံးစြပ္ကို ပုံမွန္မလဲေပးပဲထားတာက ၾကာလာရင္ မ်က္သားယားၿပီး နီရဲတာမ်ိဳးေတြ ျဖစ္ေလ့ရွိပါတယ္။

ဒါေၾကာင့္ ေခါင္းအုံးစြပ္နဲ႔ အိပ္ယာခင္းက အၿမဲလဲေနေပးဖို႔၊ ေသခ်ာေလွ်ာ္ေပးဖို႔ လိုပါတယ္။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners