သိမ်းထားသင့်တဲ့ တစ်သက်လုံး အသုံး ဝင်မယ့် မြန်မာ့တိုင်းရင်းဆေးနည်းမျာ

သိမ်းထားသင့်တဲ့ တစ်သက်လုံး အသုံး ဝင်မယ့် မြန်မာ့တိုင်းရင်းဆေးနည်းများ

ချောင်းဆိုးလျှင်…ခရေပွင့်ကိုတညလုံးရေစိမ်၊နံနက်တွင်းထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ ။

ရင်ပြည့်ရင်ကယ် ..ကြက်ဟင်းခါးသက်စောင့်ဆေးကို နှမ်းဆီ –ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှအသာအယာသပ်ချပါ ။

နှာပိတ်သော် ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိဆေးအရည်နှင့်ဆွဲပေးပါ ။တက်လျှင်ဆင်ငို မြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။

ရေငတ်ဝမ်းကျ .ဆီးသီးအစေ့အတွင်းမှအဆန်းကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ ။ကင်းထိုးသော် ကင်းကိုက် ကင်းထိုး ဒဏ်ရာငဖြူကြီးမြစ်သွေးလိမ်းပါ။

ကြို့ထိုးလျှင်ကြက်သွန်းနီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။ခရုသင်း…ကျည်းသီးဆန်ကိုဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်းများစွာစားရပါသည် ။

ခြေတုန်လက်တုန်ဖြစ်လျှင်ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏ ။ခါးနာ ခါးကိုက်……ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။

ငှက်ဖျားထလျှင် မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ ။ခံတွင်းပျက်လျှင်ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။

ခေါင်းတခြမ်းကိုက်လျှင်ကျည်းသီးဆန်ကိုဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။စကားထစ်လျှင်.နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners