မှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေတပြားတစ်ကျပ်မှ မကုန်ဘဲ အခုနည်းအတိုင်း ပြန်လျှောက်လိုက်ပါ

မှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေတပြားတစ်ကျပ်မှ မကုန်ဘဲ အခုနည်းအတိုင်း ပြန်လျှောက်လိုက်ပါ

“မှတ်ပုံတင်ပျောက်ရင် ဒီနည်းအတိုင်းသာလုပ်ကြည့်

(၁) မှတ်ပုံတင်ပျောက်ပြီး ပြန်မရနိုင်ဘူးဆိုတာနဲ့ ဘာမှဆက်လုပ်မနေပါနဲ့။ တစ်နေရာကိုပဲသွားပါ။

အဲဒါက ကိုယ်နေထိုင်ရာမြို့နယ်ရဲ့လဝကရုံးဖြစ်ပါတယ်။ ညနေစောင်းနေလည်းရုံးမပိတ်သေးဘူးဆိုရင် အမြန်ဆုံးနည်းနဲ့သာသွားပါလေ။

(၂) လဝက ရုံးကိုရောက်တာနဲ့ မှတ်ပုံတင်ပျောက်တဲ့အကြောင်းအကျိုး အကြောင်းပြောပြီး သူတို့ပေးတဲ့ ဖောင်နှစ်စောင် (ထွေ ၄ ဖောင်လို့ခေါ်ပါတယ်) ကို ၅၀၀ ပေးပြီးဝယ်ခဲ့ပါ။ကိုယ်နေထိုင်ရာမြို့နယ်နဲ့သက် ဆိုင်တဲ့ဝန်ထမ်းက ကိုယ့်ကိုအသေးစိတ်လုပ်ပေးပါတယ်။

(၃) လဝကရုံးကပေးလိုက်တဲ့ဖောင်နှစ်စောင်မှာ တစ်စောင်က ဆွေစဉ်မျိုးဆက်ဇယား (အဘိုး၊ အဘွား အထိပဲပါပါတယ်) ဖြစ်ပြီး နောက်တစ်စောင်က ကိုယ်ရေးအချက်အလက်ဖြည့်စွက်ရတာဖြစ်ပါတယ်။

နှစ် စောင်တည်းမို့ အရမ်းမများပါဘူး။ အဲဒါဖြည့်ပြီးရင်တော့ သန်းခေါင်စာရင်းနဲ့အတူ ရပ်ကွက်ရုံးကိုသွားပြီး ထောက်ခံချက်ယူရပါ တယ်။ ရပ်ကွက်ထောက်ခံစာယူသလိုပါပဲ။

(၄) နောက်တစ်နေ့မှာတော့ အလုပ်ကနေ ခွင့်ယူလိုက်ပါ။ မနက်ကတည်းကနေ မှတ်ပုံတင်ကိစ္စ စလုပ်ပါ လေတော့။အရင်ဆုံးရဲစခန်းထောက်ခံစာသွားယူပါ။

မနက် ၈ နာရီဆိုဖွင့်ပါပြီ။ ထောက်ခံစာရပြီးတာနဲ့ လဝကရုံးကိုသွားပြီး စ လုပ်နိုင်ပါပြီ။

မနေ့ကဖြည့်တဲ့ဖောင်နှစ်စောင်၊ ရက်ကွက်ရုံးကထောက်ခံချက်တုံး ထုပေးလိုက်တာ၊ ဆိုင်မှာ မှတ်ပုံတင်အတွက်ဆိုပြီး ရိုက်ထားတဲ့ ဓါတ်ပုံ (၅) ပုံ၊ သန်းခေါင်စာရင်းမူရင်း မိတ္တူတို့ယူသွားရပါမယ်။

(၅) မနေ့ကတွေ့ခဲ့တဲ့လဝကဝန်ထမ်းမမသို့မဟုတ် ညီမလေး ဆီကိုသွားပါ။

ကျွန်တော်၊ ကျွန်မတော့ အချက်အလက်တော့စုံလာပြီ ဘယ်ကနေစလုပ်ရမလဲခင်ဗျာလို့ပြောပြီး သူ့လမ်းညွှန်ချက်အတိုင်းသာ သွားပါလေ။

မနေ့ကဖောင်တွေအပြင် အခြားဖောင်တွေလည်းဝယ်ရဖြည့်ရ မိတ္တူကူးရ နဲ့အလုပ်တော့ နည်းနည်းရှုပ်ပါတယ်။


အဆင့်လေးငါးဆင့်လောက်ရှိမှာပါ။ ဦးစီးနဲ့တွေ့ပြီးလက်မှတ်လည်းယူရပါတယ်။ ရုံးထဲတင်ဆိုတော့ ပြသနာမရှိပါဘူး။

(၆) နေ့တစ်ဝက်လောက် (နေ့လယ်ထမင်းစားချိန်ခန့်) မှာတော့အဆင့်တွေအားလုံးပြီးသွားပြီး မှတ်ပုံတင်လက်ဗွေနှိပ်တာတို့ဘာတို့လုပ်ပြီး မှတ်ပုံတင်အသစ်လေးနဲ့ အိမ်ကိုပြန်လာနိုင်ပါပြီ။

(၇) ပိုက်ဆံပေးရလားဆိုတော့ မပေးရဘူးခင်ဗျ။ ဖောင်ဖိုး ရာဂဏန်းလောက်ပဲပေးရတယ်။

ကိုယ့်အခက် အခဲကိုအဆင်ပြေချောမွေ့အောင်လုပ်ပေးတဲ့ ကျေးဇူးရှင်ကိုတော့ ဂါရဝတရားလေးနည်းနည်းထားလိုက် ရင်အဆင်ပြေပါပြီ။

အရမ်းအဆင်ပြေလို့ မျှဝေလိုက်တာပါ။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners