ပဲခေါက်ဆွဲကြိုက်နှစ်သက်သူများအတွက် ကိုးရီးယားပဲခေါက်ဆွဲပြုလုပ်နည်း အဆင့်ဆင့်

ခေါက်ဆွဲချစ်သူတွေရော ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူတွေပါခံတွင်းတွေ့စေမယ့် ပဲခေါက်ဆွဲပြုလုပ်နည်းဝေမျှပေးသွားချင်ပါတယ်။


ပါဝင်ပစ္စည်းများ –

ခေါက်ဆွဲ ပန်းကန်လုံးတစ်လုံးစာ၊ဝက်သားသုံးထပ်သား ဝ.၅ ပေါင်၊ မုန်လာဥဖြူတစ်ဝက်၊အာလူး ၃ လုံး (အခွံခွာထားပြီးလက်မဝက်ကုဗတုံးတုံးထားပါ)၊

ကြက်သွန်နီ အကြီး ၁ ဥ၊ဟင်းရွက်ဆီစားပွဲတင်ဇွန်း ၃ ဇွန်း၊ ပဲပိစပ်အနှစ်စားပွဲတင်ဇွန်း ၅ ဇွန်း၊

အာလူးမှုန့်အရည် (Potato Starch စားပွဲတင်ဇွန်း ၂ ဇွန်းကိုရေစားပွဲတင်ဇွန်း ၄ ဇွန်း၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့်သမအောင်ရောနှောထားလိုက်ပါ)၊

နှမ်းဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊သခွားသီးတစ်ဝက် (အချောင်းလိုက် ပါးပါးလှီးထားပါ)။

ပြုလုပ်နည်း အဆင့်ဆင့် –

၁။ဝက်သား၊ မုန်လာဥဖြူ၊ အာလူးနှင့်မုန်လာဥနီတို့ကို အရွယ်အစားတူအောင်လက်မဝက်ကုဗတုံးပုံသဏ္ဍာန်ဖြင့်လှီးဖြတ်ထားလိုက်ပါ။

၂။ဒယ်အိုးကိုအပူပေးပြီးဟင်းရွက်ဆီစားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ထို့နောက် ဝက်သားများထည့်ပြီး ၄ မိနစ်၊ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

ဝက်သားများရွှေညိုရောင် ပြောင်းသွားပါက ဝက်သားတုံးများကို ဝက်သားအဆီများကိုပန်းကန်ထဲတွင် သပ်သပ်ဖယ်ထည့်ထားလိုက်ပါ။

၃။မုန်လာဥဖြူထည့်ပြီး ၁ မိနစ်ခန့်ကြော်ပါ။ထို့နောက် အာလူးနှင့်ကြက်သွန်နီတို့ထည့်ပြီး ၃ မိနစ်ခန့်မွှေကြော်ပေးလိုက်ပါ။

၄။ထို့နောက်ဒယ်အိုးထဲသို့ ဟင်းရွက်ဆီစားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးနောက်ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ကာ တစ်မိနစ်ခန့် သမအောင်မွှေပေးလိုက်ပါ။

ထို့နောက်ရေ ၅၀၀ မီလီလီတာထည့်ကာ အိုးအဖုံးအုပ်ထားပြီးနောက် ၁၀ မိနစ်ခန့်တည်ထားလိုက်ပါ။

၅။ဆယ်မိနစ်ပြည့်ပါကအာလူးနှင့် မုန်လာဥတို့ကို အနည်းငယ်ယူပြီးအရသာမြည်းစမ်းကြည့်လိုက်ပါ။

အာလူးနှင့်မုန်လာဥများ ကျက်သွားပါကအာလူးမှုန့်အရည်များ နည်းနည်းချင်းစီလောင်းထည့်ပြီးသမအောင်မွှေပေးရပါမယ်။

၆။အာလူးမှုန့်အရည်များပျစ်သွားသည်အထိ မွှေပြီးတဲ့နောက်မှာတော့ နှမ်းဆီထည့်ကာမီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

ရရှိလာတဲ့ အာလူးပဲပိစပ်အနှစ်များကိုခေါက်ဆွဲပေါ် ဆမ်းထည့်လိုက်ပါ။သခွားသီးအနည်းငယ်ထည့်ပြီးတဲ့နောက်မှာတော့သမအောင်မွှေပေးလိုက်ပါ။

ခေါက်ဆွဲနဲ့တွဲမစားချင်ဘူးဆိုရင်တော့ထမင်းနဲ့ ရောနယ်ပြီး ပဲထမင်းအဖြစ်စားသုံးနိုင်ပါသေးတယ်။

Source: maangchi. com

Credit-MyFood Myanmar