
ငါးသလောက် ( ၁ ပိဿာ )ကို အကြေးထိုး,အူဖောက် သန့်စင်ပီး ဆား,သကြား,အရသာမှုန့်,နနွင်း,ရှောက်သီးတို့ဖြင့်နယ်၍နာရီဝက်ခန့် နှပ်ထားပေးပါ။
ခရမ်းချဉ်သီး အကွင်းလိုက် လှီးထားပါ။ ကြက်သွန်နီ အကွင်းလိုက် လှီးထားပါ။ ကြက်သွန်ဖြူမွှာလေးများ နှစ်ခြမ်းခွဲထားပါ။
ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်းကို ရေနဲ့ ရောမွှေထားပါ။
ငါးသလောက် ပေါင်းပါတော့မယ်။
အိုးထဲဆီထည့်၍ ငရုတ်သီးအစိမ်းမှုန့် ထည့်မွှေပီးရင်အပူပေးပီး မီးခဏပိတ်ပါ။ကြက်သွန်နီ ,ခရမ်းချဉ်သီးထည့်မွှေပါ။
ပီးရင် နှပ်ထားတဲ့ ငါးသလောက်များ တင်ပါ။ရေနွေးပူပူကို ငါးသလောက်မြုပ်အောင် ထည့်ပါ။မီးအားမပြင်းစေပဲ ၆ နာရီကြာ တည်ထားပေးပါ။
ရေခန်းခါနီးမှာဖျော်ထားတဲ့ ပဲငံပြာရည် ထည့်ပါ။ရေခန်းခါနီး, အိုးချခါနီး ၁၅ မိနစ် အလိုမှာကြက်သွန်ဖြူခွဲခြမ်းလေးများ ထည့်ပေးပါ။ ဆီပျံလာရင် ငါးသလောက်ပေါင်းရပါပီ။
မှတ်ချက်
ဒီနည်းက Pressure Cooker မရှိတဲ့သူ, မသုံးတဲ့သူ နဲ့ မသုံးရဲတဲ့သူတွေအတွက်တင်ပေးခြင်း ဖြစ်ပါတယ်။
Pressure Cooker နဲ့ပေါင်းရင်တော့အချိန် တစ်နာရီခန့်သာ ကြာမြင့်ပါတယ်။
လူတိုင်း Pressure Cooker မသုံးကြလို့ဒီနည်း တင်ပေးတာပါ။Pressure Cooker နဲ့ပေါင်းမယ်ဆိုရင် ပါဝင်ပစ္စည်းအားလုံး Pressure Cooker ထဲထည့်ပါ။ရေ ၁ လီတာ ထည့်ပါ။
Timer ၁ နာရီပေးပြီး W 2000 နဲ့ ပေါင်းပေးပါ။၁ နာရီဆို ရပါပြီ။ အဖုံးမဖွင့်ပဲ နှပ်ထားပါ။အအေးခံပြီးမှ အဖုံးဖွင့် သုံးဆောင်ပါ။
ငါးသလောက်ပိဿာချိန် များများပေါင်းရင်တော့ ဒန်အိုးအောက်ခြေမှာ ဝါးကပ်ခံပြီး မီးသွေးမီးဖို နဲ့ ဆီများများထည့်ပြီး ပေါင်းရပါတယ်။
ကျမ ငါးသလောက်ပေါင်းရင်ဂျင်း,စပါးလင် မထည့်ပါဘူး။ငံပြာရည် ( လုံးဝ ) မသုံးပါဘူး။ကြိုက်သူများအတွက် တော့ ထည့်လို့ရပါတယ်။
ဒါပေမယ့် တူးမှာစိုးရင်တော့ ဒန်အိုးအောက်ခြေမှာဝါးကပ်/ စပါးလင်/ ကြံရွက် ခံလို့ရပါတယ်။
ရှောက်သီးကအသားတင်းစေရန်နဲ့ အအီပြေစေရန် ထည့်ပါတယ်။ချိုမြမြ အရသာ ရရှိစေဖို့ နဲ့အရောင်လှစေဖို့ အတွက် ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပေးပါတယ်။
ကြက်သွန်ဖြူခွဲခြမ်းလေးတွေကတော့ကြိုက်လို့ ထည့်တာပါ။မထည့်ချင်ရင်လည်း ရပါတယ်။
ငါးသလောက်ပေါင်းရင်အမြန် နူးချင်ဇောနဲ့ မီးပြင်း မတိုက်ရပါဘူး။မီးအားအနေတော်နဲ့ ၆ နာရီခန့် ပေါင်းပေးရပါမယ်။
ငါးသလောက်ကို ရေမြုပ်အောင်ထည့်ပြီးDigital မီးဖိုကို မီးအား 400 W နဲ့ပေါင်းပါ။
တစ်ရည်ခန်းနဲ့ပဲ ရပါတယ်။ မီးအားပြင်ပြင်းနဲ့ ရေခန်းလိုက် ရေထပ်ထည့်လိုက်နဲ့ ငါးသလောက်ပေါင်းရင်ငါးသလောက်က နူးပေမယ့်အတုံး သိပ် မလှဖြစ်သွားတတ်ပါတယ်။
အိုးချခါနီးရင် ရေကျန်နေချိန်မှာ အရသာမြည်းကြည့်ပီးအချို,အငံ အရသာ ချိန်ဆပါ။
အီနေရင်တော့ ရှောက်သီး ထပ်ညှစ်ထည့်ပေးပါ။ဟင်းအနှစ် အနည်း အများအတွက် ကြက်သွန်နီနဲ့ ခရမ်းချဉ်သီး ကို မိမိ လိုသလောက် ချိန်ဆထည်ပေး့ပါ။
အရသာတွေ စိမ့်ဝင်နေတဲ့ ခရမ်းချဉ်သီးဖပ် အိအိကြီးထွေးထွေးကြီးတွေကြက်သွန်ဖပ် ချိုချိုကြီးတွေကိုငါးသလောက်အသားနဲ့အတူ တွဲဖက်ပြီးဝါးစားရတာ အရမ်းကို အရသာရှိလှပါတယ်။
တစ်ကယ်လို့ အနှစ်နဲ့ ငါးသလောက် တစ်သားတည်း ကျနေစေချင်ရင်တော့ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးကို ကွင်းမထည့်ပဲကြိတ်ထည့်လို့ ရပါတယ်။
အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင်။
ပဲခူး ဒေါ်ထွေးရီ