ကြွက်နို့ပေါက်နေသူများ ယခုနည်းလမ်း (၈) မျိုးဖြင့် ကုသစေချင်

စိတ်အနှောင့်အယှက်ဖြစ်စရာ အရေပြား ပြဿနာတွေထဲမှာ ကြွက်နို့ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကြွက်နို့က အန္တရာယ်တော့ မရှိပါဘူး။ ခြေချောင်း လက်ချောင်းလေးတွေပေါ်မှာ ပေါက်တတ်ပါတယ်။ ခန္ဓာကိုယ်ပေါ်က ကြွက်နို့တွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

၁။ ပျားရည်

ပျားရည်ကို ကြွက်နို့အပေါ် လိမ်းပေးတဲ့အခါ တဖြည်းဖြည်း ပါးလာပါတယ်။ ဆေးဖက်ဝင်တဲ့ပျားရည်အစစ်ကို အသုံးပြုပါ။ ကြွက်နို့ပေါ်မှာ ပျားရည်ကို ထူထူလိမ်းပြီး ပျားရည်တွေ ပြုတ်မကျသွားအောင် အဝတ်စနဲ့ တစ်ညတာ ပတ်ထားပါ။ မကြာခဏ လုပ်ပေးတဲ့အခါ သိသာတဲ့ ရလဒ်ကို ရရှိလာပါလိမ့်မယ်။

၂။ ရေနွေးနှင့် ပင်လယ်ဆား

ဒီနည်းလမ်းကတော့ အလွယ်ဆုံး ပါပဲ။ အရမ်းလည်း ထိရောက်ပါတယ်။ ဇလုံထဲကို ရေနွေး လောင်းထည့်လိုက်ပါ။ ရေနွေးက ၁၁၃°F နဲ့ ၁၂၀°F ကြားမှာ ရှိဖို့လိုပါတယ်။ ပြီးရင်တော့ ပင်လယ်ဆား ထည့်လိုက်ပါ။ ကြွက်နို့ပေါက်တဲ့နေရာကို အရေပြား နူးညံ့လာတဲ့အထိ ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ စိမ်ထားပါ။ကြွက်နို့ပေါက်တဲ့ အရေပြားကို ခြစ်ထုတ်ဖို့ လက်သည်းတံစဉ်း၊ ရေမြှုပ်ကျောက်၊ နူးညံ့တဲ့ ကော်ဖတ်တို့ကို အသုံးပြုပြီး ခြစ်ထုတ်ပါ။


၃။ နာနတ္သီး

နာနတ်သီးမှာ အက်ဆစ်ဓါတ်နဲ့ ကြွက်နို့ကို ဖယ်ထုတ်ပေးတဲ့ bromelain ပါတာကြောင့် အရမ်း သင့်တော်ပါတယ်။ ပိတ်စလေးတစ်စကို နာနတ်ရေထဲ နှစ်ထားပြီး ရေတွေကုန်သွားတဲ့အထိ ရေညှစ်ချလိုက်ပါ။ အဲဒီ ပိတ်စလေးပို ကြွက်နို့ပေါက်တဲ့ နေရာပေါ်ကို တင်ထားပါ။ ပြီးတော့ အပေါ်ကနေ ပတ်တီးနဲ့ ထပ်စည်းပြီး ၅ မိနစ်ကြာထားပါ။ ရလဒ်ကို မြန်မြန်သိသာချင်ရင် တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြုလုပ်လို့ ရပါတယ်။

၄။ ဒုဓလီပန်း ( Dandelion )

တရုတ်ဆေးဝါးနဲ့ အရှေ့အလယ်ပိုင်း ဒေသတို့ရဲ့ဆေးဝါးမှာ ဒုဓလီပန်းကို အသုံးပြုခဲ့တာ ကြာပါပြီ။ ဆေးမဖျန်းထားတဲ့ သဘာဝအလျောက်ပေါက်တဲ့ ဒုဓလီပန်းကို ရွေးချယ်ပါ။ ပန်းကနေ ထွက်တဲ့အစေးကို ကြွက်နို့ပေါ်ကို လိမ်းတဲ့နည်း ဖြစ်ပါတယ်။ တစ်ရက်ကို ၂ ကြိမ် ၃ ကြိမ် ပြုလုပ်ပေးတဲ့အခါ ၂ ပတ်အတွင်း သိသာပါတယ်။

၅။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ ဗိုင်းရပ်စ်တွေ၊ ရောဂါပိုးသေစေတဲ့ အစွမ်းတွေ အများကြီး ပါဝင်ပါတယ်။ ရှားစောင်းလက်ပတ်က ဂျယ်လီကို ကြွက်နို့ပေါ်တင်ပြီး အပေါ်ကနေ ပတ်တီးနဲ့ စည်းထားပေးရုံပါပဲ။

၆။ ဗီတာမင္စီ

ဗီတာမင်စီက ကိုယ်ခံအားကောင်းစေတဲ့အပြင် အနာတွေကို ကျက်စေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ ဗီတာမင်စီဆေးပြားကို အမှုန့်ကြိတ်ပြီး အနှစ်ရအောင် ရေနည်းနည်းနဲ့ ရောဖျော်ပါ။ ရလာတဲ့အနှစ်ကို ကြွက်နို့ပေါ်မှာ ပိတ်စလေးနဲ့ ကပ်ပါ။ ပြီးရင်တော့ အပေါ်ကနေ ပတ်တီးနဲ့စည်းပြီး တစ်ညတာ ထားပေးပါ။

၇။ ပင်စိမ်း

ပင်စိမ်းမှာ အင်တီအောက်ဆီးဒင့်တွေနဲ့ ရနံ့ဆီတွေ အများကြီး ပါဝင်နေပါတယ်။ ပင်စိမ်းကို အနှစ်ရလာတဲ့အထိ ချေပါ။ အနှစ်ရလာတဲ့အခါ ကြွက်နို့ပေါ်မှာ ပွတ်တိုက်ပေးပါ။ ပြီးရင် အပေါ်ကနေ ပတ်တီးနဲ့စည်းပြံး တစ်ညတာ ထားပေးပါ။ ၂ပတ်ခန့် နေ့စဉ်ပြုလုပ်ပေးရင် ကြွက်နို့က ပျောက်ကွယ်သွားတော့မှာပါ။

၈။ လီမွန်ရနံ့ဆီ

 

ရနံ့ဆီတွေဟာလည်း မှိုတွေ၊ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရနံ့ဆီကို အရေပြားမှာ တိုက်ရိုက်ထိပေးလို့ မရပါဘူး။ ရနံ့ဆီအနည်းငယ်ကို သံလွင်ဆီ တစ်အောင်စလောက်နဲ့ ရောပါ။ ရနံ့ဆီကို ကြွက်နို့ပေါ်မတင်ခင်မှာ ဓါတ်တည့်လား ဆိုတာကို စမ်းသပ်ဖို့ အရေပြားပေါ်မှာ အနည်းငယ်လေး လိမ်းကြည့်ပါ။ နောက်ထပ် ၂၄ နာရီကနေ ၄၈ နာရီအတွင်း ဘာဓါတ်မတည့်တာမှ ဖြစ်မလာရင် အသုံးပြုလို့ရပါပြီ။

ရနံ့ဆီထဲကို ပိတ်စပါးလေးနှစ်ပြီး ကြွက်နို့အပေါ်မှာ သေသေချာချာ ပွတ်တိုက်ပေးပါ။ ဒီနည်းလမ်းကို အသုံးပြုနေစဉ်မှာ ကြွက်နို့ရှိတဲ့နေရာကို နေရောင်ခြည် မထိဖို့အတွက် သတိထားရမှာ ဖြစ်ပါတယ်။ နေရောင်ခြည်ထိတဲ့အခါ အမည်းစက်တွေပါ ဖြစ်လာတတ်ပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners