မွေးစားမိဘနှစ်ပါးကို အိမ်အကြီးကြီး ဆောက်ပေးသူ

တစ်ဦးကစေတနာ တစ်ဦးကမေတ္တာရယ်လို့ အပြန်အလှန်ပေးကမ်းရင်း ဖြတ်သန်းကြတဲ့ဘဝတွေက တကယ်ကိုအေးချမ်းလွန်းတဲ့ဘဝတွေပါ။

.

.

ကိုယ့်ကိုကျွေးမွေးထောက်ပံ့ခဲ့တဲ့ ကျေးဇူးကြွေးကို နားလည်သိရှိပြီး တတ်စွမ်းသလောက်ပြန်လည်ပေးဆပ်ခြင်းဟာလည်း မင်္ဂလာတစ်ပါးလို့ဆိုကြပါတယ်။

.

.

ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်ကြတဲ့ Nanay နဲ့ Taytay တို့ဇနီးမောင်နှံဟာ မပြည့်စုံကြပေမယ့် မွေးစားသားလေးဖြစ်တဲ့ Jayvee Lasaro Badile ကို မေတ္တာအပြည့်နဲ့ ပြုစုထောက်ပံ့ပေးခဲ့ပါတယ်။

.

စားဝတ်နေရေးမပြေလည်တာကြောင့် ရုန်းကန်ရတဲ့ဘဝတွေဖြစ်ပေမယ့် သားဖြစ်သူရဲ့ပညာရေးကို ထောက်ပံ့ဖို့ဆိုလက်မနှေးကြတဲ့ မွေးစားမိဘတွေကို သနားတဲ့ Jayvee ဟာ ပညာကိုကြိုးစားသင်ယူခဲ့ပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကာ အောင်မြင်လာခဲ့ပါတယ်။

.

.

သွေးမတော်သားမစပ်ပေမယ့် ကျေးဇူးမမေ့တဲ့ Jayvee ဟာ မိဘတွေအတွက် အိပ်ခန်း၇ခန်းပါ အိမ်ကြီးကို ဆောက်လုပ်ပေးခဲ့တဲ့အပြင် ပရိဘောဂအသစ်တွေ တပ်ဆင်ပေးခဲ့ရုံသာမက ကမ္ဘာအနှံ့ခရီးတွေလိုက်ပို့ခဲ့ပြီး ပျော်ရွှင်အောင်ထားခဲ့ပါတယ်။

.

.

အခုဆိုရင် Jayvee ဟာ သူ့ကိုစောင့်ရှောက်ပံ့ပိုးပေးခဲ့တဲ့မိဘ၂ပါးကို စားဝတ်နေရေးအတွက် မရုန်းကန်စေတော့ဘဲ ပြုစုလုပ်ကျွေးလျက်ရှိပြီး Nanay နဲ့ Taytay တို့ဇနီးမောင်နှံကလည်း အတုံ့အလှည့်ရယ်လို့ မမျှော်ကိုးခဲ့ပေမယ့် သားဖြစ်သူရဲ့သိတတ်မှုကြောင့် သာယာတဲ့ဘဝကို ပိုင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။

.

.

Shwe Yaung Myanmar ( Writer – Lwinlwin Aung )

.

.

.