မင်္ဂလာပွဲ လာတဲ့သူတိုင်းကို I Pad လက်ဆောင်ပေးတဲ့ စုံတွဲ

ချစ်တဲ့သူနဲ့အတူ ခမ်းနားလှပပြီး တစ်သက်တာအမှတ်ရနေစေမယ့် မင်္ဂလာပွဲလေးကျင်းပရဖို့က မိန်းကလေးတိုင်းရဲ့အိပ်မက်လို့ပြောလို့ရပါတယ်။

ဒီလိုကံထူးမှုမျိုးကိုပိုင်ဆိုင်ခဲ့တဲ့ ဘရာဇီးလ်နိုင်ငံက မော်ဒယ်မလေးတစ်ယောက်ကတော့ သူ့ချစ်သူနဲ့အတူ ခမ်းနားတဲ့မင်္ဂလာပွဲလေးကို ဒူဘိုင်းရှိ စျေးအကြီးဆုံး ကြယ် ၇ ပွင့် ဟော်တယ်မှာ ကျင်းပခွင့်ရခဲ့ပါတယ်။

သူ့ရဲ့ချစ်သူဟာ ပါကစ္စတန်နိုင်ငံသားဖြစ်ပြီး မင်္ဂလာပွဲကို ဒူဘိုင်းမှာကျင်းပခဲ့ပေမယ့် မင်္ဂလာအခမ်းအနားမှာဆင်ယင်ထားတဲ့ပန်းတွေကို နယ်သာလန်က မှာယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

နယ်သာလန်နိုင်ငံက David Austin နှင်းဆီပန်းတွေနဲ့ ဆင်ယင်ထားတဲ့ ပန်းဥယျာဉ်လေးထဲမှာ နာမည်ကြီး ဒီဇိုင်နာရဲ့လက်ရာကို ဝတ်ဆင်ပြီး ချစ်သူလက်ကိုတွဲကာ မင်္ဂလာဆောင်ခွင့်ရတဲ့ မိန်းကလေးကတော့ တကယ့်ကိုကံကောင်းတာပါပဲနော်။

ဒီမင်္ဂလာပွဲကို လူပြောများတဲ့ အကြောင်းအရင်းကတော့ လာသမျှဧည့်သည်တွေကို iPad လက်ဆောင်ပေးတာကြောင့်ပဲဖြစ်ပါတယ်။

သူတို့ရဲ့မင်္ဂလာပွဲကို ချီးမြှင့်ပေးတဲ့ အယောက် ၁၂၀လုံးကို သူတို့ဇနီးမောင်နှံရဲ့ နာမည် ရက်စွဲလေး ရိုက်ထည့်ထားတဲ့ စျေးကြီးဆုံး iPad တစ်ယောက်တစ်လုံးဆီ လက်ဆောင်ပြန်ပေးခဲ့တဲ့အတွက် ဒိတ်ဒိတ်ကြဲတို့ရဲ့ မင်္ဂလာပွဲတွေအနက် လူပြောအများဆုံး မင်္ဂလာပွဲဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

Shwe Yaung Myanmar ( Writer – Lwinlwin Aung )