ဘဏ်ဝန်ထမ်းမလေးကို ကြိုက်မိလို့ ဒေါ်လာသန်းချီ ရှုံးသွားတဲ့ သူဌေးကြီး

ယနေ့ခေတ်အချိန်အခါမှာ ဆိုရှယ်မီဒီယာကို အသက်အရွယ်မရွေး အသုံးပြုနေကြပြီဆိုပေမယ့် သရုပ်မှန်ကိုမသိနိုင်တဲ့အွန်လိုင်းလောကကြီးကို မျက်စိစုံမှိတ်ယုံမိလိုက်ရင်တော့ ဒုက္ခလှလှတွေ့မှာ အမှန်ပါပဲ။

 

တရုတ်နိုင်ငံ ဖူကျန်းပြည်နယ်က အသက်၇၀အရွယ် သူဌေးကြီးတစ်ဦးဟာ ဇနီးသည်ဆုံးသွားတဲ့နောက်မှာ အထီးကျန်နေခဲ့တာကြောင့် ဆိုရှယ်မီဒီယာကနေတစ်ဆင့် ကြင်ဖော်ရှာနေခဲ့ပါတယ်။

အင်တာနက်စာမျက်နှာကနေတစ်ဆင့် သူနဲ့အသက်ထက်ဝက်ကွာတဲ့ ဘဏ်မန်နေဂျာ အမျိုးသမီးနဲ့ တွေ့ဆုံမိချိန်မှာတော့ စကားပြောဆိုကြရင်းနဲ့ ၃ရက်အတွင်း ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။

သမီးရည်းစားဖြစ်ပြီး မကြာခင်မှာပဲ မိန်းကလေးဘက်မှ ကားလုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှပ်နှံချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေဘီလီယံနဲ့ချီကာ တောင်းခံခဲ့ပါတယ်။

ရည်းစားငယ်ငယ်လေးအတွက် အရာရာအသင့်ဖြစ်နေတဲ့ အဘိုးအိုဟာ ထိုအမျိုးသမီးကို ငွေနှစ်ဘီလီယံကိုထုတ်ပေးခဲ့ပေမယ့် အဲ့ဒီ့နောက်ပိုင်းတွေမှာလည်း မရပ်သွားဘဲ အကြောင်းအမျိုးမျိုးပြပြီး ငွေတွေဆက်လက်တောင်းခံနေခဲ့ပါတယ်။

ငွေများစွာရရှိပြီးတဲ့နောက်မှာတော့ ထိုအမျိုးသမီးဟာ အဘိုးအိုကိုအဆက်အသွယ်ဖြတ်သွားခဲ့ပြီး ပျောက်ကွယ်သွားပါတော့တယ်။

လက်ရှိအချိန်မှာတော့ ရဲစခန်းကိုတိုင်ကြားကာ စုံစမ်းနေကြပေမယ့် ဘာသတင်းမှ မကြားရသေးပါဘူး။

 

ဇရာအိုနဲ့ကညာပျိုစုံတွဲရဲ့အဖြစ်ကတော့ အွန်လိုင်းပေါ်ကအကြောင်းမသိတဲ့သူတွေကို မျက်စိစုံမှိတ်ယုံဖို့ကြံနေသူတွေအတွက် သင်ခန်းစာပါပဲနော်။

အရာရာသတိမထားလိုက်ရင် ကိုယ့်အပေါ်အခွင့်ရေးယူမယ့်သူတွေကို လမ်းဖွင့်ပေးသလိုဖြစ်နေမှာမို့ အားလုံးလည်း ဆိုရှယ်မီဒီယာကိုသတိထားပြီးသုံးစွဲကြဖို့ အသိပေးလိုက်ပါတယ်နော်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )