ဒီစာလေးဖတ်ပြီး ခါငှက်သား မစားရက်တော့ပါ

ဒီသမိုင်းလေးကို သိပြီးသကာလ “နောင်အခါ ကျွန်တော် ခါငှက်သား မစားတော့ပါ”

ပြောင်ခေါင်းဒေသရဲ့ တောတောင်ထဲ ရောက်ချိန် မှာ ငှက်မုဆိုးတစ်ယောက်က လာရောင်းတာ.. တစ်ကောင်ကို ၃၀၀၀ – ကျပ်နဲ့ ခါငှက် ၂ ကောင်။ ၂ ကောင်ဆိုတော့ ၆၀၀၀ – ကျပ်ပေါ့။ ဝယ်မိတာ ကတော့ အသေကောင်တွေပါ။

အဲဒီ ငှက်မုဆိုးကို ခါ – ကို ဘယ်လို ထောင်သလဲ အင်တာဗျူးမိတယ်။

သူတို့ပြောတာက ခါငှက်အထီး တွေကိုပဲ ထောင်လို့ရပါတယ်တဲ့။ mp 3 box ကို ဆိုင်ကယ် ဘက်ထရီလေးနဲ့ ချိတ် ၊ ခါငှက် အမရဲ့ အသံလုပ်ပြီး မြှူဆွယ်တဲ့ သဘော။

ညနေ မိုးချုပ်အချိန် ခါငှက်အထီးတွေက အမသံကြား တော့ ငှက်မုဆိုးတွေရဲ့ ညွှတ်ကွင်းထဲ မိကြတာပဲ။

ခါငှက်အသားက အရမ်းကျစ်တယ်။ ရင့်တယ်။ မွနေအောင် ထောင်းပြီး ကြော်စားရတဲ့ အမျိုး ။

ထောင်ဖမ်းတဲ့အခါမှာလဲ ခါငှက် အမတွေကိုတော့ မျိုးမ ပျောက်အောင် ပြန်လွှတ်ပေးပါတယ်တဲ့…

နောက်ဆက်တွဲ ကျွန်တော် မောင်ဂျိမ်းစ် လေ့လာ သိရှိ မိတာက ခါငှက်တို့သဘာဝဟာ ချင်းတောင် တန်းက အောက်ချင်းငှက်တွေလိုပဲ။

တစ်လင် – တစ်မယား စနစ်။ ဝါတွင်းကာလ မိတ်မလိုက်ဘူး။

သူ့နယ်မြေ ကိုယ့်နယ်မြေ စည်းထားတယ်။

အဲဒီ ခါငှက်တွေက ဥမကွဲအသိုက်မပြတ် နေထိုင်ကြပြီးလျှင် သား သမီးအများအပြား အတောင်စုံ ခွဲခွာသွားသော်လည်း အိုကြီးအိုမ အထိ အတူတကွ နေထိုင်ကြတာတဲ့…

ယခု အဲဒီ သမိုင်းလေး သိပြီးသကာလ ခါငှက် လေးတွေရဲ့ အတုယူစရာတွေကို နောင်တ နှင့် တကွ ဒီတသက် ခါငှက်သား မစားတော့ပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။