ကြက်သွန်နီများများစားရင် ဖြစ်လာမယ့်အရာ (၆)မျိုး

သင့်ကို ငိုကြွေးစေသလို သန်မာစေတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ ကြက်သွန်နီလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

သင့်ကျန်းမာရေးကို ဉီးခေါင်းမှ ခြေဖျားအထိ ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်တဲ့ အရာလည်းဖြစ်ပါတယ်။

တကယ်လို့ ကြက်သွန်နီတွေကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် သင်ခန္ဓာကိုယ်အတွက် အံ့ဩဖွယ်ရာတွေကို ပေးစွမ်းနိုင်တဲ့ အလွန်ကောင်းမွန်သော အစားအစာဖြစ်ပါတယ်။

အကျိုးကျေးဇူးအပြောင်းအလဲ (၆) ခုကို မျှဝေပေးပါမယ်။

၁။ သင့်ရဲ့ အရိုးသိပ်သည်းဆတွေကို တိုးတက်စေနိုင်ပါတယ်

လေ့လာမှုတော်တော်များများအရ ကြက်သွန်နီစားသုံးခြင်းက သင့်ရဲ့ အရိုးသိပ်သည်းဆအပေါ်မှာ အပြုသဘောအကျိုးသက်ရောက်မှုတွေရှိတယ်လို့ ယူဆရပါတယ်။

တစ်လလောက်ကြက်သွန်နီကို ပုံမှန်စားသုံးပေးမယ်ဆိုရင် သင့်ရဲ့ အရိုးဟာ ကြက်သွန်နီပုံမှန်မစားတဲ့နှိုင်းယှဉ်လိုက်တဲ့အခါ ၅ ရာခိုင်နှုန်းတိုးပွားလာနေတယ်လို့ တင်ပြကြပါတယ်။

၂။ ကိုလက်စရောအဆင့်လျော့ချစေနိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း ထိန်းထားနိုင်ပါတယ်။

ရောင်ရမ်းခြင်းနှင့် ဆန့်ကျင်ပြီး မြင့်မားသော ဂုဏ်သတ္တိတွေရှိတဲ့ ကြက်သွန်နီတွေဟာ သင့်ရဲ့ ခန္ဓာကိုယ်က ဆိုးရွားတဲ့ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။

ကိုလက်စထရောအဆင့်နိမ့်ကျခြင်းက နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို လျော့နည်းစေပြီး နှလုံးကျန်းမာရေးကိုလည်း ထိန်းထားနိုင်ပါတယ်။

၃။ သင့်ရဲ့ အစာခြေစနစ်ကို ချောမွေ့စေနိုင်ပါတယ်။

ကြက်သွန်နီတွေဟာ အမျှင်တွေနဲ့ ပြည့်နှက်နေပြီး သင့်ခန္ဓာကိုယ်အစာကြေမှုကို ကြေလွယ်စေပါတယ်။

ဒါ့အပြင် ၎င်းက သင့်ရဲ့ အူအတွင်းမှာရှိတဲ့ ကောင်းမွန်သော ဘက်တီးရီးယားထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။

ဒါ့ကြောင့်လည်း သင့်ခန္ဓာကိုယ်က အစာခြေလုပ်ငန်းကိုကို ပိုမိုလွယ်ကူစေတာဖြစ်ပါတယ်။

၄။ ဆဲလ်တွေ ပျက်စီးမှုကို လျှော့ချပေးပြီး antioxidants တွေကို မြှင့်တင်ပေးပါတယ်။

ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် သင့်ပါးစပ်သန့်ရှင်းမှုကိုလည်း ကောင်းမွန်စေနိုင်ပြီး ခံတွင်းလည်းကောင်းစေပါတယ်။

သူတို့ရဲ့ ပိုးမွှားတိုက်ဖျက်နိုင်စွမ်းက သင့်ရဲ့ သွားတွေကိုလည်း ခိုင်မာစေပါတယ်။

ကြက်သွန်နီတွေဟာ ”quercetin” လို့ခေါ်တဲ့ မျက်စိအတွင်းတိမ်ကို ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းပါဝင်တာကြောင့် သင့်ရဲ့ မျက်စိတွေအတွက်လည်း အန္တရာယ်ကာကွယ်ပေးနိုင်တဲ့ ဟင်းခတ်ပစ္စည်းဖြစ်ပါတယ်။

၅။ သင့်ကို ကောင်းကောင်းအိပ်ပျော်ဖို့ ကူညီပေးနိုင်ပါတယ်။

Colorado တက္ကသိုလ်ရဲ့ သုတေသနပြုချက်တွေအရ ကြက်သွန်နီစားခြင်းက သင့်ရဲ့ အိပ်စက်ခြင်းအရည်အသွေးကို တိုးတက်စေတယ်လို့ ဖော်ပြထားပါတယ်။

၎င်းက အူတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးရုံသာမကဘဲ စိတ်ဖိစီးမှုကိုလည်း သက်သာစေပါတယ်။

၆။ အိုမင်ရင့်ရော်ခြင်းကို တိုက်ခိုက်နိုင်ပြီး အသားအရေကိုလည်း ကောင်းမွန်စေတယ်။

ဗီတာမင် A, C ,E ပါဝင်တဲ့ ကြက်သွန်နီဟာ သင်သဘောကျသော ပြည့်ဝတဲ့အသားအရေမျိုးလည်း ရရှိစေနိုင်ပါတယ်။

လေ့လာမှုတစ်ခုအရ ကြက်သွန်နီဟာ ဝက်ခြံတွေကို လျော့ကျစေပြီး ကြက်သွန်နီနဲ့ ပြုလုပ်ထားတဲ့ဂျယ်လ်တွေဟာ အမာရွတ်တွေကိုတောင် ပါးစေပါတယ်တဲ့။

Crd >> Lifestyle_Myanmar-Nyein_Thu