ရှာလကာရည်ကို ဟင်းမချက်ဘဲ တခြားနေရာတွေမှာ အသုံးချနည်းများ

ရှာလကာရည်လေး အသုံးဝင်ပုံ

(၁) ပန်းကန်ဆေး(ဘေစင်) ရေဆင်းပိုက်တွေ ပိတ်ဆို့နေခြင်းအတွက်၊ ရှေးဦးစွာ ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါတို့ကို ၁-ခွက်စီ ဆတူရော၍ရေဆင်းပိုက်ထဲကို လောင်းပေးပါ။

အချိန် ၅-မိနစ်ကြာတဲ့အခါမှာ ရေနွေးပူပူ လောင်းချလိုက်ပါ။

(၂) ရေခဲသေတ္တာအတွင်း အနံ့ဆိုးတွေ ပြေပျောက်၍ ပိုးမွှားကင်းစေဖို့ အတွက်၊ ရှာလကာရည်နဲ့ ရိုးရိုးရေအေးတို့ကို ဆတူရောထားသော ရေဖြင့် သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။

(၃) ပလပ်စတစ်ဗူးခွံတွေ ဟောင်းနွမ်းကြာမြင့်လို့အရောင်မှိန်နေခြင်း အတွက်၊ အဝတ်စုတ်ကို ရှာလကာရည်ဆွတ်၍ ပွတ်တိုက်ပေးပါ။

 

(၄) ထမင်း-ဟင်းဂျိုင့်တွေ အနံ့အသက် ကောင်းစေရန်အတွက်၊ ပေါင်မုန့်ပါးပါးတချပ်ကို ရှာလကာရည် နှစ်စိမ်ပြီးနောက် ထို ထမင်းဂျိုင့်ထဲမှာ တညသိပ်ပေးထားပါ။

(၅) အရောင်မှိန်သွားတဲ့ သတ္တုထည်ပစ္စည်းတွေအတွက်၊ ရှာလကာရည်နဲ့ဟင်းခတ်ဆားတို့ကို ဆတူပျစ်ပျစ်ရောပြီး ပွတ်တိုက်ပေးပါ။

(၆) အသုံးအဆောင်ပစ္စည်းများမှာ အမဲဆီဂျီး(ချေး)တွေ ညစ်ပေခြင်းအတွက် ရေမြှုပ်ကို ရှာလကာရည်ဆွတ်ပြီး သန့်စင်ပေးပါ။

(၇) မီးဖိုချောင်မှာ မီးခိုးမှိုင်းတက်လို့နံရံတွေ မည်းညစ်နေခြင်းအတွက်၊ ရှာလကာ ရည်နဲ့ ရိုးရိုးရေအေးကို ဆတူရောပြီးသန့်စင် ပေးနိုင်ပါတယ်။

(၈) သန့်စင်းခန်းမှာ ပိုးမွှားကင်းစင်ပြီး အနံ့အသက်တွေကောင်းစေဖို့အတွက်၊ ရှာလကာရည် ၁-ခွက်လောင်း၍ တညသိပ်ပြီး နောက် အိမ်သာဆေး ဘရက်ရှ်တံဖြင့် ပွတ်တိုက်သန့်စင်ကာ ရေနိုင်နိုင် လောင်းချပေးပါ။

(၉) အိမ်ထောင်ပရိဘောဂ သစ်သားစားပွဲတွေပေါ်မှာ အပူ/အအေးခွက်တွေထင် ထားတာကြောင့် အစွန်းထင်းကွက်တွေပျောက်စေဖို့အတွက်၊ ရှာလကာရည်ကို ဟင်းရွက်ဆီနဲ့ ဆတူရောပြီး ပွတ်တိုက်ပေးပါ။

(၁၀) ကပ်ကြေးအဟောင်းတွေက ကပ်နေပြီး ညှပ်ရခက်နေခြင်းအတွက်၊ အဝတ်စုတ်ကို ရှာလကာရည်ဆွတ်ပြီး ပွတ်တိုက်ပေးပါ။

(၁၁) အခန်းထဲက မှိုနံ့ဆိုးတွေ ပြေပျောက်စေဖို့အတွက်၊ ရှာလကာရည်ကို ဇလုံတစ်ခုထဲ ထည့်ကာ အဖုံးဖွင့်ထားပြီး ထိုအခန်းထဲမှာ တညသိပ်ထားပေးလိုက်ပါ။

(၁၂) ကြက်သွန်ဖြူ/ ကြက်သွန်နီ စသည်တို့ကိုင်ပြီးနောက်၊ လက်မှာအနံ့တွေစွဲနေတဲ့အခါ ရှာလကာရည်ဖြင့် လက်ကိုပွတ် တိုက်ပေးပါ။

အသီးအနှံတွေ စားသောက်ပြီးနောက် လက်မှာစွဲကျန်တဲ့ အစွန်းအထင်းတွေကိုလည်း ရှာလကာရည်ဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။

(၁၃) များသောအားဖြင့် အိမ်ရှင်မတွေက မီးဖိုချောင်သုံး စဉ့်နီတုံးကို သန့်ရှင်းမှု အားနည်းကြပါတယ်။

သား/ငါးတွေခုတ်ထစ်ထားတဲ့ စဉ့်နီတုံးကို အသုံးပြုပြီးတိုင်း ရှာလကာရည်ဖြင့် ပွတ်တိုက်သန့်စင် ပေးသင့်ပါတယ်။

(၁၄) အိမ်ခန်းထဲရှိ ဖုန်မှုန့်တွေကို သန့်စင်ကာ ပိုးမွှားကင်းစေဖို့အတွက်၊ စပရေးဗူး (အဟောင်း)ထဲမှာ ရိုးရိုးရေအေးနဲ့ ရှာလကာရည် ဆတူရောပြီးတော့ စပရေးဖျန်း၍ အဝတ်စုတ်နဲ့ ပွတ်တိုက်ပေးပါ။

(၁၅) ဖားဥစွဲနေတဲ့ အဝတ်အထည်နဲ့ ခမ်းဆီးလိုက်ကာများအတွက်၊ ရေပုံးတစ်ခုထဲမှာ ရှာလကာရည်နဲ့ ရိုးရိုးရေအေးတို့ကို ဆတူရောကာ ထိုအဝတ်တွေ ခေတ္တမျှ ထည့်စိမ်ပြီး လျှော်ဖွတ်ပါ။ အုတ်နံရံပေါ်က ဖားဥတွေအတွက် စပရေးဗူးထဲကို ရှာလကာရည်နဲ့ ရိုးရိုးရေအေး ဆတူရောပြီးနောက် ဖျန်းပက်ပေးပါ။

မှတ်ချက်။ (က) အမိုးနီးယားပါရှိတဲ့ ပစ္စည်းတွေအတွက်ရှာလကာရည်မသုံးပါနဲ့၊ ထွက်လာတဲ့ဓာတ်ငွေ့က လူကိုဘေးဥပါသ်ဖြစ်စေပါတယ်။

(ခ) စကျင်ကျောက်(ကျောက်ဖြူ)တွေအပေါ် ရှာလကာရည်မသုံးပါနဲ့၊ အရည်ထဲမှာပါတဲ့ အက်ဆစ်ဓာတ်က စကျင်ကျောက် မျက်နှာပြင်ကို ထိခိုက်ပျက်စီးစေပါတယ်။

ပေါက်ပေါက်

(ကိုးကား Healthy Foods and Herbal Medicines on 13th August 2013)

Credit- promise pauk