အိမ်မှာ မီးကွင်းဂမုန်း စိုက်သင့်တဲ့ အကြောင်းရင်း

ဆေးစွမ်းထက်သော မီးကွင်းဂမုန်းပင် – မီးကွင်းဂမုန်းပင်သည် အလွန်ပင်ဆေးဖက်ဝင်သော အဖိုးတန်အပင်တစ်မျိုး ဖြစ်ပါသည်။

၄င်းအပင်ကို နေရာတိုင်းမှာ လွယ်ကူစွာ မြင်တွေ့နိုင်ပါသည်။

(၁) နှာခေါင်းသွေးလျှံအတွက် မီးကွင်းဂမုန်း – နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာထောင်း၍ ၄င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။

(၂) ဆီးရောဂါ၊ ဆီးကျောက်ရောဂါ – ဆီးရောဂါအမျိုးမျိုးနှင့် ဆီးကျောက်ရောဂါများအတွက် မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမ်ျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။

(၃) နားကိုက်၊ နားပြည်ယို – မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။

(၄) ဝမ်းကိုက်နေလျှင် – မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ဝမ်းကိုက်၊ ဝမ်းဖော၊ ဝမ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။

(၅) ချောင်းဆိုး၊ သလိပ်ကပ် – ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၄င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။

(၆) သွေးကင်ဆာ – သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။

တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။

Credit – ကျန်းမာရေးအတွက်ဆေးတစ်ခွက်