လူပျိုကြီး၊အပျိုကြီးသေဆုံးလျှင် ဘာကြောင့် ငှက်ပျောတုံးထည့်ပေးသလဲ

လူပျိုကြီး အပျိုကြီးသေဆုံးလျှင် ငှက်ပျောတုန်းထည့်ရခြင်းရဲ့ အကြောင်းရင်းမှန်

သာမာန်အမြင်အယူအစအနေနဲ့ ငှက်ပျောတုံးကပဲ သေသူအတွက် အဖော်ဖြစ်စေသလိုလို ၊

ဒီဘဝ အိမ်ထောင် မကျပဲသေသွားရလို့နောက်နောင်ဘဝတွေ အတွက်

အိမ်ထောင်ကျအောင်ဓာတ်ရိုက် ဓာတ်ဆင်သဘောနဲ့ ယတြာချေတာလိုလို ဒီလိုပဲ ထင်မြင်နေကြတာပါ ။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒီနေ့လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့နေတဲ့ သေဆုံးသူနဲ့ အဖြစ်နဲ့ တင်ထားကြတာ တွေ့ရပြီး။

တချို့ကလည်း လက်ခံစရာမရှိကြောင်း ရေးတင်ထားကြတာ တွေ့ရတယ် ။

ဘာပဲဖြစ်ဖြစ်ယခုပုံပါ အခင်းဖြစ်ရာဒေသရဲ့ အယူအစွဲက ဘယ် လိုကြောင့် အခုလို ငှက်ပျောတုံးထည့်တာလဲ ဆိုတာတော့ မသိနားမလည်ပါဘူး ။

ဒါပေမဲ့ ငှက် ပျောတုံးဟာလူပျိုကြီး အပျိုကြီး ဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး ။

လူသားအားလုံးအတွက် ဥပမာပြထားတဲ့ ပစ္စည်းတစ်ခုလို့ ပြောလို့ရမယ် ထင်ပါတယ် ။

သီတဂူဆရာတော်ဘုရားကြီး ရဲ့ ဘဝတန်ဖိုး တရားတော်ထဲမှာ

“ အနိစ္စ အချက် မပြတ်နှိပ်စက်တဲ့ ခန္ဓာ ဒုက္ခ အချက် မပြတ်နှိပ်စက်တဲ့ ခန္ဓာ၊ အနတ္တ အချက်ဖြင့်

မပြတ်နှိပ်စက်နေတဲ့ ခန္ဓာ ဘာများ အနှစ်သာရ ရှိသေးလည်း ။

မကြာခင် ပစ်ရတော့ မယ် ။ ငှက်ပျောတုံး အခွံတွေ ခွါ ခွါ လိုက်တိုင်း ခွါ လိုက်တိုင်း အပေါ်က တစ် ဖတ် ခွါလိုက်လည်း အခွံပါပဲ ။

နောက်တစ်ဖတ်ခွါလိုက်လည်း အခွံပါပဲ ။ ခွါရင်း ခွါရင်း နဲ့ အခွံ ချည်းပဲ ထွက်တယ် ။အနှစ် မရပါဘူး ။

ဒီခန္ဓာကိုယ်ကြီး ဟာ ငှက်ပျောတုံး နဲ့ မျခားဘူး လို့ သေဘာက် ။ရူက္ခန္ဓာ တစ်ဖတ် ခွါ အကာပဲ ။

ဝေဒနာက္ခန္ဓာ တစ်ဖတ် ခွါ ၊သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၊ ဝိညာဏက္ခန္ဓာ တစ်ထပ်စီ တစ်ထပ်စီ ခွါ ၊ ခွါ ချင်တိုင်း ခွါ ၊ ငှက်ပျောတုံးလိုပါပဲ ။

အကာချည်းပဲ ထွက်တယ် ။ မကြာခင် သုဿန်မှာ ပစ်ရတော့မယ် ။

ဘာများ အနှစ် ရှိလဲ …?ဒီခန္ဓာ အနှစ် ရှိတယ် ထင်ပြီးတော့ မွမ်းမံ ပြင်ဆင်နေရင်အကာကိုတွယ်တာမက်မောနေကြတာ ။

ခန္ဓာကိုယ် ရဲ့ အနှစ်ဟာ ဘာလဲ ..? အနိစ္စ ဖြစ်တာ ဖြစ်မှန်း သိအောင် ကြည့် ။

အနိစ္စာနုပဿနာဉာဏ် ရရင် အနှစ် ။ ဒုက္ခ ဖြစ်တာ ဖြစ်မှန်း သိအောင်ကြည့် ။

ဒုက္ခာနုပဿနာဉာဏ် ရရင် အနှစ် ။ အနတ္တ ဖြစ်တာ ဖြစ်မှန်း သိအောင်ကြည့် ။

အနတ္တာနုပဿနာဉာဏ် ရရင် အနှစ်ပါပဲ ။ အဲ့ဒါ ဘဝမှာ တန်ဖိုးရှိတဲ့ အနှစ်လို့ သဘောကျ ။

ဒီအနှစ်ကို ရရင်လူ့ဘဝမှာ နေရကျိုး နပ်ပြီ ။ သေရကျိုး နပ်ပြီ ။

ဒီအနှစ်မှ မရရင် ဘဝမှာ နေရကျိုးလည်းမနပ် ၊ သေရကျိုးလည်း မနပ်ဖြစ်လိမ့်မယ် ´´ လို့

သီတ ဂူဆရာတော်ကြီး၏ ဘဝတန်ဖိုးစာအုပ်/နှာ ၅၇ ဟောကြားထားတာ ရှိပါတယ် ။

ဒါကြောင့် အိမ်ထောင်မကျပဲ သေဆုံးရလို့ ငှက်ပျောတုံး ထည့်ရခြင်းမှာအကြောင်း ဆက်စပ်မှု မရှိသလိုသဘောမပါသည့် အပြောဟာသတစ်ခုသာဖြစ်ပါတယ် ။

Credit ရွှေမြိုင်ဆရာတော်