ဖန်တီးနိုင်စွမ်းမြင့်မားလွန်းတဲ့ ဓာတ်ပုံဆရာရဲ့ ပုံများ

တကယ်တော့ ဓာတ်ပုံရိုက်တယ်ဆိုတာ လွယ်ပါတယ်။လှပတဲ့ ပုံတစ်ပုံထွက်လာဖို့ပဲ ခက်တာပါ။အထူးသဖြင့် စပါယ်ရှယ် effect တွေထည့်ပြီး ဖန်တီးတာဟာ ပိုတောင် ခက်ပါသေးတယ်။တော်တော်လေးကို ဖမ်းတီးနိုင်စွမ်းရှိပြီး ကျွမ်းကျင်ဖို့လည်းလိုပါတယ်။အခုဖော်ပြမယ့်သူကတော့ ဓာတ်ပုံတွေကို သာမန်ပုံတွေကနေ ကွဲထွကိပြီး
ကြည့်ရှုသူတွေ ဟင်ငနဲဖြစ်စေတဲ့ ဓာတ်ပုံဆရာတစ်ဦးရဲ့ ပုံတွေဖြစ်ပါတယ်။

(1) ဒီပုံကိုကြည့်ရင် ကြက်သီးထစရာကောင်းသလို အမြင်လည်းဆန်းစေပါတယ်။သူက ထိုင်ခုံပေါ် ကိုယ်အပေါ်ပိုင်း ထိုင်ပြီး ဗိုက်သားကို ဓားနဲ့ဖြတ်ထားသလို လုပ်ထားတာပါ။တကယ်တော့ အသားလို့ထင်ရတဲ့ အပိုင်းအစတွေဟာ ဖရဲသီးပဲဖြစ်ပါတယ်။

(2)ဒါကတော့ မီးဖိုချောင်မှာ ဟင်းချက်နေသလို လက်ချောင်းတွေ ဖြတ်နေတဲ့ပုံ လုပ်ထားတာပါ။တကယ်က လက်ချောင်းတွေမဟုတ်ပဲ မုံလာဥကို ဖြတ်နေတာ ကို သေချာကြည့်ရင် တွေ့နိုင်ပါတယ်။

(3)ကြည့်လိုက်ရင် လက်အရေပြားကို ခွာနေတဲ့ပုံကို ဌက်ပျောသီးနဲ့ ရောထားတာပါ။ဌက်ပျောသီးကြိုက်တဲ့သူတော့ သရည်ကျနေလောက်ပြီထင်တယ်။



(4)ဒီပုံကတော့ လက်ချောင်းကို ချိုးနေတဲ့ပုံစံပေါ့။
တကယ်ချိုးရင် နာလွန်းလို့ ပုံတောင်ရိုက်လို့ရမှာမဟုတ်ဘူး။တကယ်က ပေါင်မုန့်ကို ချိုးထားတာ။

(5)ဒါကတော့ ခေါင်းကို ဓားနဲ့လှီးနေတဲ့ပုံစံပေါ့။ဦးနှောက်ထွက်လာသယောင် လုပ်ထားတာ။တကယ်က ခရမ်းချဉ်သီးကြီး


(6)ဒါကတော့ လက်အရေပြားကို နွှာနေတဲ့ပုံရိုက်ထားတာ။သူတကယ် နွှာနေတာကတော့ cheese ပါ။စားလို့ကောင်းပါတယ်။

(7)ကြက်ဥအကြီးကြီးဟေ့။ကြက်ဥနဲ့လူတွေရဲ့ခေါင်းနဲ့က ပုံစံတူတော့ ဖန်တီးထားတာ ကွက်တိကျနေရောပဲ။ကြော်ထည့်လိုက်ရလို့ကတော့

(8)လီမွန်သီးဖျော်ရည် ဘယ်သူကြိုက်လဲဟေ့။လက်မောင်းကို ဖြတ်လိုက်လို့ လီမွန်ခြမ်းတွေထွက်လာတာပေါ့..မိုက်ချက်


(9)ဒီပုံကတော့ ပေါင်မုန့်လို့ဆိုရမယ်။ဘာလ်ု့ိဆို ပေါင်မုန့်ကို ပေါင်သားလှီးထားသလို ရိုက်ပြထားတာ။ပေါင်မုန့်ကလည်း အကောင်းစားနော် စားလို့ကောင်းတယ်။

ဝင်ရောက်ကြည့်ရှုပေးတာ ကျေးဇူးတင်ပါတယ်။