
အချစ်ရဲ့စွမ်းအားဟာ လူတစ်ယောက်ကို အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲစေနိုင်တဲ့အရာပဲဖြစ်ပါတယ်။
တစ်ချို့ကတော့ ကိုယ့်ချစ်သူရဲ့ ဂရုစိုက်နားလည်ပေးမှုတွေကြောင့် ကိုယ့်ကိုကိုယ်ပြောင်းလဲတတ်ကြသလို တစ်ချို့ကတော့ ချစ်ရသူရဲ့စွန့်ပစ်မှုတွေကြောင့် မိမိဘဝကိုပြောင်းလဲလိုက်တာဖြစ်ပါတယ်။
အခုဓာတ်ပုံထဲမှာတွေ့ရတဲ့ မိန်းကလေးကတော့ ရူပါချို့တဲ့စဉ်က ရုပ်ရည်ကိုအကြောင်းပြပြီး ။
ချစ်သူမှလမ်းခွဲသွားတဲ့အတွက် သူ့ရဲ့ပုံပန်းသွင်ပြင်ကို အချိန်ပေးကာ ကြိုးစားပြောင်းလဲခဲ့သူဖြစ်ပါတယ်။
၁၉နှစ်အရွယ် မိန်းမငယ်လေးဘဝက ချစ်သူကောင်လေးရဲ့ထားသွားခြင်းခံရပြီးတဲ့နောက် ဒီမိန်းကလေးဟာ သူမရဲ့အဓိကအားနည်းချက်ဖြစ်တဲ့ သွားများကို ၃ နှစ်နဲ့၁၀လကြာအောင်အချိန်ပေးပြီးပြုပြင်ခဲ့ပါတယ်။
ကိုယ့်ကိုကိုယ်ချစ်ပြီး ကိုယ့်ဘဝကိုပြုပြင်ဖန်တီးခဲ့တဲ့ သူမကတော့ အခုအချိန်မှာ ယုံကြည်မှုအပြည့်နဲ့ လှလှပပပြုံးရယ်နိုင်တဲ့ မိန်းမလှလေးဖြစ်နေပြီပဲဖြစ်ပါတယ်။
ချစ်သူရဲ့စွန့်ပစ်ခြင်းကို အားငယ်စိတ်နဲ့ ဝမ်းနည်းမနေဘဲ ကိုယ့်ကိုကိုယ်အလှပဆုံးဖန်တီးလိုက်တဲ့ မိန်းကလေးရဲ့ကြိုးစားအားထုတ်မှုကတော့ တကယ့်ကိုလေးစားစရာပါပဲနော်။
အခုအချိန်မှာ သူဘယ်လောက်တောင်လှလာလဲဆိုတာကတော့ ယခင်ပုံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အထင်းသားမြင်နိုင်မှာပါနော်။
Shwe Yaung Myanmar ( Writer – Lwinlwin Aung )