ချစ်သူက ခွင့်လွှတ်ဖို့ တစ်နေကုန် ဒူးထောက်နေတဲ့ ကောင်မလေး

လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတယ်ဆိုရုံနဲ့ ဘဝခရီးလမ်းကို အတူရှေ့ဆက်နိုင်မယ်ဆိုတာ မသေချာပါဘူးနော်။

သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအပြင် သစ္စာတရားနဲ့တွယ်ဆက်ထားမှသာ အတူတူရှိနိုင်ကြမှာပါ။

ဗီယက်နမ်နိုင်ငံက ချစ်သူကိုသစ္စာဖောက်မိတဲ တက္ကသိုလ်ကျောင်းသူလေးတစ်ဦးကတော့ သူ့ရဲ့အမှားကြောင့် စိတ်ဆိုးနေတဲ့ချစ်သူကို ခွင့်လွှတ်ပေးဖို့ လူအများမြင်သာနိုင်တဲ့ ကျောင်းဆောင်ရှေ့မှာ ဒူးထောက်တောင်းဆိုခဲ့ပါတယ်။

သူမတို့နှစ်ဦး ဘယ်လိုပြဿနာတွေဖြစ်ခဲ့ပြီး ဘယ်လိုမှားယွင်းခဲ့ကြတယ်ဆိုတာမသိပေမယ့်

ကောင်မလေးက သူသစ္စာမရှိခဲ့တဲ့အတွက် ချစ်သူကောင်လေးကိုတောင်းပန်ပါတယ်လို့ရေးသားထားတဲ့စာလေးနဲ့အတူ အဆောင်ရှေ့မှာ ဒူးထောက်တောင်းပန်ခဲ့တာပါ။

သူတို၂ဦးလုံးဟာ စိုက်ပျိုးရေးတက္ကသိုလ်မှာတက်ရောက်နေတဲ့ ကျောင်းသူကျောင်းသားတွေဖြစ်ကြပြီး ။

ဒီစုံတွဲလေးပြန်အဆင်ပြေသွားမလား ကောင်လေးကခွင့်လွှတ်ပါ့မလားဆိုတာကိုတော့ အင်တာနက်သတင်းမှာမြင်တွေ့လိုက်ရတဲ့ လူငယ်တော်တော်များများစ်ိတ်ဝင်စားနေကြပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )