တော်ရုံသတ္တိနဲ့ မောင်းလို့မရတဲ့ ကားလမ်း (၁၅) လမ်း

လမ်းဆိုတာ ခရီးသွားသူတွေ လိုရာခရီးကို ချောချောမွေ့မွေ့နဲ့ မြန်မြန်ဆန်ဆန်ရောက်ဖို့ ဖောက်လုပ်ထားတာဖြစ်ပါတယ်။တစ်ချို့လမ်းတွေဟာ ဖြောင့်တန်းပြီး လှပနေပေမယ့် တစ်ချို့လမ်းတွေကျတော့ မြေတည်ရှိပုံအရပေါ် မူတည်ပြီး တောင်စောင်းတောင်တန်းတွေပေါ်မှာ ဖောက်ထားတာတွေလည်းရှိပါတယ်။အခုဖော်ပြမှာကတော့ ကမ္ဘာပေါ်က အန္တရာယ်အများဆုံး လမ်း(၁၅) ခုပဲဖြစ်ပါတယ်။

(15) New Zealand နိုင်ငံက Skippers Canyan ကတော့ အရှည် ၁၆.၅ မိုင်ရှိပြီး အန္တရယ်များရတဲ့အကြောင်းရင်းကတော့ လမ်းကြမ်းတာ၊လမ်းကျဉ်းတာ၊မတ်ဆောက်တာတွေကြောင့်ဖြစ်ပါတယ်။

(14)ပြင်သစ်နိုင်ငံက Butcher Of The Extreme လို့ခေါ်တဲ့ လမ်းကလည်း အန္တရာယ်များလွန်းတဲ့လမ်းဖြစ်ပါတယ်။လမ်းမှာ သစ်တုံးတွေ များလွန်းလို့ သတိထားမောင်းရပါတယ်။

(13) Cotahuasi Canyon Road လို့ခေါ်တဲ့ လမ်းကတော့ ချိုင့်ဝှမ်း ပေ တစ်သောင်းထိ နက်ပြီး လေးဘီးကားတွေသာ သွားရဲတဲ့လမ်းဖြစ်ပါတယ်။

(12)Taiwan နိုင်ငံက အကွေ့အကောက်တွေများလွန်းတဲ့ Taroko Gorge Road လမ်းကလည်း ကြည့်တာနဲ့ကို အန္တရာယ်များတာ သိနိုင်ပါတယ်။ ၁၁ မိုင်ရှည်လျားပြီ မြေပြိုတာ၊လမ်းချော်တာ ၊ငလျင်လှုပ်တာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

(11)ကန္တာရထဲက လမ်းဖြစ်တဲ့ Karakoram Highway (Pakistan to China) ပါကစ္စတန်နဲ့တရုတ်ကို ဆက်ထားတဲ့လမ်းကတော့ နေပူမိုးရွာနှင်းကျ ဒဏ်တွေ အကုန်ခံရနိုင်ပါတယ်။

(10)ပါကစ္စတန်နိုင်ငံက Fairy Meadows Road, a.k.a. Nanga Parbat Pass လမ်းလည်း ခြောက်ခြားစရာကောင်းလွန်းပါတယ်။ကျောက်တုံးကြီးတွေပေါ် ဖောက်ထားတဲ့ လမ်းဖြစ်လို့ မြေမြိုတာမျိုးမရှိပေမယ့် လမ်းချော်ခဲ့ရင် ပြန်လမ်းမရှိပါဘူး။

(9)တရုတ်နိုင်ငံက 99-Bend Road to Heaven (ကောင်းကင်ကိုသွားတဲ့ လမ်း) ဟာ နာမည်နဲ့သိပ်တော့ မအပ်စပ်ပါဘူး။ဘာလို့ဆို တောင်ကုန်းပေါ်မှာ အထပ်ထပ်ဖောက်ထားတဲ့ အကွေ့အကောက်နဲ့လမ်းမလို့ပါ။

(8)တောင်အမေရိကား က Pan American Highway (Alaska to Chile) လမ်းတော့ တစ်ယောက်တည်းမသွားသင့်တဲ့လမ်းပါ။မိုင်ပေါင်း ၃၀၀၀၀ လောက်ရှည်တဲ့အပြင် ခန့်မှန်းလို့မရတဲ့ရာသီဥတုရယ် တော်ရိုင်းတိရစ္ဆာတွေပေါတာကြောင့် သေချာဂရုစိုက်မှ ရပါမယ်။

(7) Sichuan-Tibet Highway လို့ခေါ်တဲ့ ဒီလမ်းကတော့ မိုင်ပေါင်း ၁၃၃၀ လောက်ရှည်လျားတဲ့အပြင် မြေပြိုတာ လမ်းကွာကျတာ ကွေ့ကောက်မတ်စောက်တဲ့ လမ်းဖြစ်လို့ အန္တရာယ်များတဲ့ လမ်းအဖြစ်ဖော်ပြခံရပါတယ်။

(6) မိုင်ပေါင်း ၄၂၄ မိုင်ရှည်လျားတဲ့ James Dalton Highway (Alaska) လမ်းဟာ အထူးသဖြင့်ရာသီဥတုအရမ်း ပြင်းထန်တတ်လို့ တော်ရုံလူမသွားရဲပါဘူး။တောရိုင်းတိရစ္ဆာတွေလည်းပေါလို့ အန္တရာယ်သိပ်များပါတယ်။

(5) 1900 မိုင်ရှည်တဲ့ Kolyma Highway and Lena Highway (“The Road of Bones”) ခေါ် “အရိုးစုတွေရဲ့လမ်း” ကတော့ နာမည်နဲ့တင် ခြောက်ခြားစရာပါ။ရေခဲထူထပ်တာ၊ရွံ့ပေါတာ၊ရာသီဥတုကြမ်းတမ်းတာ၊လမ်းကြမ်းတာ တွေကြောင့် ဒီလမ်းသွားဖို့ဆို သတ္တိတော့ ရှိဖို့လိုပါမယ်။

(4) Guoliang Tunnel Road လို့ခေါ်တဲ့ ကျောက်တုံးတောင်ကြီးကို ဖောက်ထွင်းထားတဲ့ ဒီလမ်းကတော့ သေမင်းနဲ့တူတူ ကားစီးနေရသလို ဘယ်ချိန်ပြုတ်ကျသေမလဲ မသိနိုင်တဲ့ ခြေနေမျိုးဖြစ်နေပါတယ်။

(3) Zoji La Pass ခေါ် India က လမ်းတစ်လမ်းကတော့၅.၆ မိုင်ရှည်ပြီး လမ်းသေချာမဖောက်ထားတာရယ် ရာသီဥတုကြမ်းတာရယ် မတ်စောက်တာရယ် တွေကြောင့် ချောချာမွေ့မွေ့တော့ သွားရဖို့မလွယ်ပါဘူး။

(2)သေမင်းတမန်လမ်းလို့ခေါ်တဲ့ North Yungas Road (“The Road of Death”)လမ်းကတော့ ၅၀ မိုင်ရှည်လျားလမ်းတဲ့ ဖြစ်ပြီး လမ်းကရမ်းကျဉ်းပါတယ်။ကျောက်တုံးတွေ မထင်မှတ်ပဲပြုတ်ကျလေ့ရှိသလို အရမ်းကို မတ်စောက်တဲ့ လမ်းဖြစ်လို့ နာမည်နဲ့လိုက်ဖက်ပါပေတယ်။

(1)ကမ္ဘာ့အန္တရာယ်အများဆုံးလမ်းကတော့ Killar to Pangi Road လမ်းဖြစ်ပြီး India မှာရှိပါတယ်။ကားတွေသွားတဲ့လမ်းတောင် ဟုတ်ရဲ့လားလ်ု့ိ ပြည့်ယူရပါတယ်။
ကျောက်တုံးကြီးပေါ်က ဒီလမ်းကတော့ နှစ်တိုင်း လူရာချီရဲ့ အသက်ကို နုတ်ယူနေတာ ဖြစ်ပါတယ်။

ဝင်ရောက်ဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်။