
လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့အတိုင်းပဲ လောကမှာရှိတဲ့လူသားတွေမှာ မတူညီတဲ့ စိတ်သဘောထားတွေနဲ့ တသမတ်တည်းမဟုတ်တဲ့ ရူးသွပ်မှုတွေဆိုတာ ရှိစမြဲပါ။
ဒါ့ကြောင့် ကိုယ့်စိတ်ထဲမှာ ရွံရှာကြောက်ရွံ့ဖွယ်ကိစ္စတွေဟာလည်း တပါးသူအတွက် ရူးသွပ်စွဲလန်းမြတ်နိုးဖွယ်ဖြစ်နေတတ်ပါတယ်။
.
.
ပြင်သစ်နိုင်ငံမှာနေထိုင်တဲ့ အသက် ၃၂နှစ်အရွယ် အန်တိုနီ လော့ဖ်ဖရီဒို အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ချောမောတဲ့ရုပ်သွင်ကို ကြောက်စရာကောင်းလွန်းတဲ့ခန္ဓာကိုယ်အဖြစ် ပြောင်းလဲဖို့ အာသီသရှိသူဖြစ်ပါတယ်။
.
သူဟာ သူ့ရဲ့ဆန္ဒကို အကောင်အထည်ဖော်ခဲ့ပြီး ဦးခေါင်းထိပ်မှာ ချိုတုအသွင် သတ္တုထည့်ကာ လျှာနဲ့ နှုတ်ခမ်းကိုလည်း ဖြတ်တောက်ပုံဖော်ပြီး တစ်ကိုယ်လုံးကိုလည်း တက်တူးအနက်များထိုးကာ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်။
.
သူ့ကို လူအများက အနက်ရောင်ဂြိုဟ်သားလို့ ခေါ်ကြပြီး သူ့ရဲ့ထူးဆန်းတဲ့ဆန္ဒနဲ့ပြောင်းလဲမှုအကြောင်းကို သတင်းဌာနတွေကပါစိတ်ဝင်တစားဖော်ပြခဲ့ကြပါတယ်။
.
.
သူကတော့ အခုနောက်ဆုံးပြုလုပ်ထားတဲ့ လျှာနှစ်ခွနဲ့ နှုတ်ခမ်းဖြတ်တောက်ပုံဖော်မှုကြောင့် စကားပြောဆိုရာမှာ အနည်းငယ်အခက်တွေ့နေရပေမယ့်
.
.
သူကတော့ ဒါကိုလည်းဂရုမထားဘဲ တစ်ကိုယ်လုံးကို အရေပြားတွေအစား သတ္တုတွေကိုလဲလှယ်အသုံးပြုသွားချင်သေးတယ်လို့ ဆိုထားပါသေးတယ်။
.
Shwe Yaung Myanmar ( Writer – Lwinlwin Aung )
.
.