
မိုးခါဖြစ်လျက် ပုရွက်အမျိုး ရေအိုးအောက်ဝင် ဖြစ်ခဲ့ချင်မိုးလျှင်ခေါင်တတ်စွာ။
ဖားသတ္တဝါကား ကုန်းကျက်စား မိုးများခေါင်တတ်လှ။
ဖားမြည်သံပါး ဖြစ်ကုန်ငြား မိုးများသွယ်ရှောင်ကြ ၊ငှက်သိုက်မြေနား ပြုလာငြား မိုးများရွာဖူးပ။
ပုစွန်ရေနား တွင်းကိုထား မိုးများခေါင်ကြောင်းပြ၊ရေသတ္တဝါကုန်း ၊ကုန်းသတ္တဝါရေ ကျက်စားလေ မိုးသွေကွင်းမည်ပ။
မိုးရာသီ၌ပုရွက်ဆိပ်တို့သည် ရေအိုးအောက်(သို့)ရေအိုးထဲဝင်နေသည်ကိုမြင်ပါက မိုးခေါင်မည်ဖြစ်ကြောင်းနိမိတ်တည်း။
ဖားသတ္တဝါတို့သည် ကုန်း၌ကျက်စားသွားလာနေသည်ကိုမြင်ပါက မိုးခေါင်မည်ဖြစ်ကြောင်းနိမိတ်တည်း။
မိုးရာသီအားရောက်လာသော်လည်း ဖားသတ္တဝါတို့သည် အော်မြည်ခြင်းနည်းပါက မိုးခေါင်မည်ဖြစ်ကြောင်း နိမိတ်တည်း။
သစ်ပင်တို့၌တွဲလောင်းချိတ်ကာအိမ်ဖွဲ့နေတတ်သော စာကလေးငှက်တို့၏အသိုက်တို့သည်နိမ့်သောသစ်သစ်ပင် တို့၌သာအိမ်ဖွဲ့၍ နေပါကလည်းမိုးခေါင်မည် ဖြစ်ကြောင်းနိမိတ်တည်း။
ပုစွန်လုံး(ဂဏန်း)တို့သည်ရေ၌သာနေကြပြီးတွင်း ထဲ၌မနေကြပဲသွားလာနေကြသည်ကိုမြင်ပါက မိုးခေါင်မည်ဖြစ်ကြောင်းနိမိတ်တည်း။
ရေနေသတ္တဝါများသည် ကုန်း၌သာနေကြပြီးကုန်း နေသတ္တဝါများသည်ရေ၌နေထိုင်ကြသည်ကိုမြင် ပါကမိုးခေါင်မည်ဖြစ်ကြောင်းနိမိတ်တည်း။
မိုးရွာသွန်းနေလျှင်လည်းတစ်နာရီအတွင်းပြန်လည်၍မိုးတိတ်မည်ဖြစ်ကြောင်းရှေ့ပြေးသင်္ကေတများ ရှိနေပေသေးသည်။
ကိုးကား – ဗေဒင်ဟောပုံကျမ်း
Credit ; လင်းထင်ကျော်