
တရုတ် ပညာရှင်တွေက အိမ်တိုင်းမှာ အပ်တစ်ချောင်း လောက်တော့ ဆောင်ထားသင့်တယ်လို့ ဆိုပါတယ်။
ဘာလို့လဲဆိုတော့ အပ်လေး တစ်ချောင်းကပဲ လေဖြတ်သွားတဲ့လူနာကို ထူးဆန်းစွာ ကုသပေးနိုင်လို့ပါ။
ရုတ်တရက် လေဖြတ်သွားတဲ့ လူနာ ကိုတွေ့ရင် ဒီနည်းလေးအတိုင်း ကယ်ဆယ်ပေးလို့ရတာမို့ သေချာဖတ်ရှုပြီး မှတ်သားထားကြပါနော်။
လူတစ်ယောက် ရုတ်တရက်လေဖြတ်သွားပြီဆိုရင် ဦးနှောက်သွေးကြောတွေ တဖြည်းဖြည်းပြန့်ကားသွားတတ်ပြီး အရေးပေါ်ကုသပေးဖို့ လိုအပ်ပါတယ်။
အောက်ပါနည်းလမ်းလေးတွေက လူတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ် ပေးနိုင်ပါတယ်။
လေဖြတ်သွားတဲ့လူနာက ဘယ်နေရာမှာပဲရှိနေပါစေ လုံးဝနေရာမရွှေ့ပေး ပါနဲ့။
သင်သူ့ကို နေရာရွှေ့လိုက်မယ်ဆိုရင် ဦးနှောက်ထဲ သွေးယိုစိမ့်မှုဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်ပါတယ်။
အိမ်မှာ ဆေးထိုးအပ်ရှိရင် ပိုကောင်း ပါတယ်။ လက်ချုပ်အပ်ဆိုရင်လည်း သုံးလို့အဆင်ပြေပါတယ်။
အပ်ကိုပိုးသတ်တဲ့အနေနဲ့ စက္ကန့်အနည်းငယ်ကြာ မီးကင်ပါ။
ထို့နောက် လူနာရဲ့ လက်ချောင်းထိပ်တွေကို အပ်နဲ့ ထိုးဖောက်ပါ။
ဒီလိုကုသရာမှာ အတွေ့အကြုံရှိဖို့မလိုပါဘူး။
လက်ချောင်းထိပ်ကနေ သွေးထွက်အောင် ဖောက်တတ်ရင်ရပါပြီ။
လက်ချောင်းဆယ်ချောင်းလုံးကနေ သွေးတွေထွက်လာပြီဆိုရင် မိနစ်အနည်းငယ်ကြာသည်အထိ စောင့်ကြည့်လိုက်ပါ။
လူနာ ပုံမှန်အခြေအနေပြန်ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။
အကယ်၍ လူနာပါးစပ်ရွဲ့သွားတာ ပုံမှန်ပြန်မဖြစ်သေးဘူးဆိုရင် လူနာရဲ့ နားရွက်နှစ်ဖက်လုံးကို နီရဲလာအောင် ပွတ်ချေပေးပါ။
နီရဲလာပြီဆိုရင် နားနှစ်ဖက်လုံးကို အပ်နဲ့ထိုးဖောက်ပြီး သွေးနှစ်စက်လောက် ထွက်လာတဲ့အထိ စောင့်ကြည့်ပါ။
လူနာရဲ့ပါးစပ်က ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။
လူနာပုံမှန်ဖြစ်သွားတဲ့ အခြေအနေထိစောင့်ကြည့်ပြီး စိတ်ချရရင် ဆေးရုံပို့ဖို့ စီစဉ်ပါ။
ဤနည်းလမ်းသည် တရုတ်တိုင်းရင်းဆေးပညာနည်းလမ်းဖြစ်ပြီး လက်တွေ့အသုံးချဖူးသူများကလည်း ၁၀၀% အကျိုးသက်ရောက်မှုရှိကြောင်း ထောက်ခံပေးထားပါတယ်။
Credit:appfreemyanmar