
ရေနွေးကြမ်းအိုးထဲက လက်ဖက်ခြောက်ဖတ်တွေမလွှင့်ပစ်ဘဲ သုံးတတ်ရင် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား…
ဈေးက ဝယ်လာတဲ့ ငါးကတော်တော်ညှီတဲ့ ငါးဆိုရင်
လက်ဖက်ခြောက်ဖတ်နဲ့အတူ ညှီနေတဲ့ငါးကို အိုးတစ်ခုတည်းထည့်ပြုပ်လိုက်ပါ။
ငါးညှီနဲ့ လုံးဝ ပျောက်သွားပါလိမ့်မယ်။
လက်ဖက်ခြောက်ဖတ်တွေကို ရေအေးနဲ့ရောပြီး မှန်ပြတင်းပေါက်အိမ်သုံးပစည်းနဲ့ ရွှံ့ပေနေတဲ့ ဘွတ်ဖိနပ်တွေကို ဆေးကြောပွတ်တိုက်ပါ။
ပြီးမှ အဝတ်သန့်နဲ့ ပြန်သုတ်လိုက်ပါ။ သန့်ပြီးတောက်ပြောင်သွားပါလိမ့်မယ်။
လက်ဖက်ခြောက်ဖတ်တွေကို ရေအေးနဲ့ ရောစပ်ပြီး မြေသြဇာရည်အဖြစ် အပင်တွေကိုလောင်းပေးနိုင်ရင် သဘာဝ မြေသြဇာကို ရရှိစေပြီး အပင်တွေကို သန်စွမ်း ကျန်းမာစေပါတယ်။
လက်ဖက်ခြောက်ဖတ်တွေကို အခြောက်လှမ်းပြီး ကြက်ဥနဲ့ ပြုပ်စားရင် မွှေးကြိုင်ပြီး အရသာ ရှိလှပယ်။
လက်ဖက်ခြောက်ဖတ်ကို အခြောက်လှမ်းပြီး မီးရိူ့ိရင် အနံ့အသက်ဆိုးတွေပျောက်တဲ့အပြင် ခြင်လည်း ပြေးတယ် ။
ခြင်ဆေးခွေ အစားထိုးလည်း အသုံးပြုနိုင်ပါတယ်။
လက်ဖက်ခြောက်ဖတ်တွေကို နေလှန်းပြီးခေါင်းအုံးထဲထည့် ခေါင်းအုံးအိပ်ရင်ပျော့ပြောင်းစွာအိပ်စက်ရရုံတင်မက အပူကိုပါ ကျစေပါတယ်။
လက်ဖက်ခြောက်ဖတ်ကိုမျက်နှာပေါ် ပွတ်တိုက်ပေးခြင်းဖြင့်လည်းမျက်နှာပေါ်ရှိ အမဲစက် တင်းတိတ်များ ပျောက်ကင်းစေပါယ်။
ပစ်ရတော့မယ့် လက်ဖက်ခြောက်တွေကို အကျိုးရှိရှိ သုံးဖြစ်စေရန် ရည်ရွယ်ရင်း မျှဝေပေးလိုက်ပါတယ်ရှင်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။