သမီးကိုယူရင် ဝက် ၃၀၀ အလကားပေးမယ်

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာနေထိုင်တဲ့ သမီးရှင်တစ်ဦးဟာ သမီးဖြစ်သူကိုအိမ်ထောင်ချပေးချင်တဲ့အတွက်

“သမီးဖြစ်သူနဲ့လက်ထပ်မည်ဆိုပါက ဝက်အကောင် ၃၀၀ ပေးအပ်မည်”လို့ ကြေညာထားခဲ့တယ်လို့ ဆိုပါတယ်။

ဖခင်က အိမ်ထောင်ချပေးချင်နေပြီဖြစ်တဲ့ အမျိုးသမီးလေးရဲ့နာမည်ကတော့ Zhang Zhiyuan ဖြစ်ပြီး၊

သူမဟာ တက္ကသိုလ်မှဘွဲ့ရပြီးနောက် မြို့ပေါ်ကကုမ္ပဏီတွေမှာ အလုပ်မလုပ်တော့ဘဲ မိဘတွေရဲဲ့လက်ငုတ်လက်ရင်းဖြစ်တဲ့ ဝက်မွေးမြူရေးကို ဦးစီးလုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့ဝက်ခြံမှာ ဝက်အကောင်ရေ ၂၀၀၀ ခန့်ရှိပြီး Zhang Zhiyuan ဟာ သူတက်မြောက်ထားတဲ့ နည်းပညာတွေကို လက်တွေ့အသုံးချပြီး ၊

ဖခင်ရဲ့စီးပွားရေးကို တိုးတက်အောင် လုပ်ကိုင်ပေးခဲ့ပါတယ်။

သူကတော့ ရိုးရှင်းတဲ့မွေးမြူရေးအလုပ်ကို သဘောကျတယ်လို့ဆိုထားပေမယ့်၊

အသက်၂၅နှစ်ရှိပြီဖြစ်သော်လည်း ရည်းစားမထားဘဲ အိမ်စီးပွားရေးကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်နေတဲ့ သမီးဖြစ်သူကို အပျိုကြီးဖြစ်မှာစိုးရိမ်တာကြောင့် ဖခင်ဖြစ်သူက ဒီလိုကြေညာချက်ထုတ်ရတာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး ထက်မြတ်တဲ့မိန်းကလေးကိုရမယ့်အပြင် ဝက် ၃၀၀ကိုလည်းပိုင်ဆိုင်ရမယ့်အခွင့်အရေးမို့ ကာလသားတွေကတော့ ပီတိဖြာနေမှာအမှန်ပါပဲ။

Zhang Zhiyuan ကတော့ ဘယ်သူ့ကိုရွေးချယ်ပြီး ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲနော်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )