အသက် ၂၀ ကျော်ပြီ မိန်းမ မရလို့ မိဘတွေက အိမ်ပေါ်က နှင်ချ

အခုခေတ်အချိန်အခါမှာ အသက်၂၀ကျော် ၃၀အရွယ် လူငယ်တော်တော်များများဟာ အိမ်ထောင်ရေးထက် မိမိဘဝတိုးတက်ရေးနဲ့စီးပွားရေးကိုပဲ အလေးပေးကြတာများပါတယ်။

ဒါဟာ ကောင်းတဲ့လက္ခဏာလို့ဆိုနိုင်ပေမယ့် သားသမီးတွေကို အိမ်ထောင်ရက်သားကျပြီး တည်ငြိမ်တဲ့ဘဝလေးမှာနေစေချင်တဲ့ မိဘတွေအတွက်တော့ ရင်လေးစရာပါပဲ။

ဗီယက်နမ်နိုင်ငံက အသက်၂၆နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့မိဘနှစ်ပါးကတော့ အချိန်တန်အရွယ်ရောက်အထိ မစွံနိုင်သေးတဲ့သားဖြစ်သူကို အိမ်ကနေနှင်ချခဲ့ပါတယ်။

အိမ်နီးချင်းတွေမှ သားအိမ်ထောင်မကျသေးဘူးလားဆိုတဲ့မေးခွန်းကို ဖြေရမှာရှက်ကြတဲ့ မိဘ၂ပါးဟာ သားဖြစ်သူ နယ်ဝေးမှာ အလုပ်လုပ်ကိုင်ပြီးပြန်လာချိန်မှာတော့ “မိန်းမရမှ အိမ်ကိုပြန်လာရမယ်”ဟုဆိုကာ အိပ်ရာနှင့်စောင်ထုတ်ကိုပေးပြီး နှင်ထုတ်ခဲ့တာဖြစ်ပါတယ်။

မိဘ၂ပါးရဲ့ရက်စက်တဲ့ရာဇသံကြောင့် သားဖြစ်သူ ကောင်လေးခမျာအိပ်ရာခင်းလေးပိုက်ကာ အိမ်လှေကားရင်းလေးမှာ စိတ်ပျက်လက်ပျက်ထိုင်နေရတာကို ပရိသတ်ကြီး ဓာတ်ပုံလေးတွေကနေတစ်ဆင့်မြင်တွေ့ရမှာပါ။

အသက်၃၀နီးတဲ့အထိ ချစ်သူမရှိသေးတဲ့ ကောင်လေးရဲ့အဖြစ်ကတော့ ရယ်ရခက်ငိုရခက်ပါပဲနော်။

သူ့ခမျာ အိမ်ထဲတောင်ဝင်ခွင့်မရရှာတော့ပါဘူး။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )