
ကိုယ့်မှာချို့ယွင်းချက်တွေ မည်မျှပင်ရှိနေပါစေ…
သားသမီးတွေအပေါ်မှာတော့ အရာရာပြည့်ပြည့်ဝဝဖြည့်ဆည်းပေးချင်တဲ့၊
စေတနာဟာ မိဘတိုင်းရဲ့ရင်မှာဖြစ်တည်နေတဲ့ အရာပါပဲ။
အခုပရိသတ်ကြီးအားလုံးမြင်တွေ့ရတဲ့ပုံလေးကတော့ လူအများကိုရင်ထဲမှာခံစားသွားစေခဲ့တဲ့၊
သားငယ်လေးကို ကျောင်းလိုက်ပို့နေတဲ့ ဖိလစ်ပိုင်နိုင်ငံက ဖခင်တစ်ဦးရဲ့ပုံရိပ်ပဲဖြစ်ပါတယ်။
ဒီဓာတ်ပုံလေးဟာ အခြားမိဘတွေရဲ့ကျောင်းကြိုကျောင်းပို့ပုံရိပ်တွေထက်ကို အများရင်ကိုလှုပ်ခတ်သွားစေခဲ့တဲ့အကြောင်းအရင်းလေးကတော့ ၊
သားငယ်ကိုကျောင်းလိုက်ပို့နေတဲ့ ဖခင်ဖြစ်သူ Tatay Alejandro ဟာ ခြေထောက်ဆုံးရှုံးထားရတာကြောင့် ဝှီးချဲလ်ကိုအသုံးပြုပြီး သွားလာနေရသူဖြစ်နေတာကြောင့်ပါပဲ။
သူ့ခမျာသွားလာနိုင်ဖို့ ဝှီးချဲကိုအသုံးပြုနေရသူဖြစ်ပေမယ့် သားဖြစ်သူကိုပညာတတ်ကြီးဖြစ်စေလိုတဲ့စေတနာနဲ့ ကြိုးစားပြီး ၊
ကျောင်းလိုက်ပို့နေတဲ့ပုံရိပ်ဟာ လူအများကို ဂရုဏာသက်စေခဲ့တာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီပုံလေးဟာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ တစ်လောကလုံးမှာရှိတဲ့ ၊
မိခင်ဖခင်တွေရဲ့ ကြီးမားတဲ့မေတ္တာစေတနာတွေရဲ့အတိမ်အနက်ကို အတိုင်းသားမြင်နိုင်တဲ့ပုံလေးလို့ ဆိုရမှာပါပဲ ပရိသတ်ကြီးရေ။
Shwe Yaung Myanmar ( Writer – Lwinlwin Aung )