
သင့်မှာ အစားအစာအတွက်စိုက်စရာမြေကြီး မရှိလည်းမပူပါနဲ့။
လူ့ဦးနှောက်က ကြံဆဖန်တီးနိုင်စွမ်းရှိပြီးသားပါ။
ကိုယ်ကြိုက်တဲ့ ကန်စွန်းဥအမျိုးအစားကို အရင်ရှာဖွေပါ။
ကန်စွန်းဥ@sweet potatoဗီတာမင်ဓာတ်ပါဝင်တဲ့ စားစရာ။
မျက်လုံး၊ အသားအရေ၊ အာရုံကြော၊အရိုး၊ ကြွက်သားများကို သန်စွမ်းစေသလို အမျှင်ဓာတ်ပါဝင်လို့ အစာခြေစနစ်ကို
ကောင်းမွန်စေပါတယ်။
ကန်စွန်းဥ အရွက်ကိုလည်းစားသုံးနိုင်တယ်။
ကန်စွန်းဥကိုလည်း ဟင်းချက်စားနိုင်တယ်။
ပြုတ်မယ်၊ မီးနဲ့ဖုတ်မယ် သို့မဟုတ်ဆန်မှုန့်နဲ့ကြော်စားမယ်။
မိမိ တီထွင်သလို ပြုလုပ်စားသုံးလို့ရပါတယ်။
ဘိလပ်မြေ အိတ်ခွံထဲကိုမြေကြီး (၅) ပြည်လောက်ထည့်ပါ။
နွားချေး (၁)ပြည် ထည့်ပါ။ကန်စွန်းဥ တလုံးနှလုံးထည့်ပါ။
မြေကြီး (၃) ပြည်လောက်ပြန်ထည့်ပါ။
နေ့စဉ် ရေစွတ်ရေဖြန်းပေးပါ၊နေရောင်ခြည်ရမယ့်နေရာဆီ ရွှေ့ပေးပါ။
ဘိလပ်မြေအိတ် မကြိုက်ရင်ဆီပုံးအဟောင်း၊ ပန်းအိုးတွေနဲ့စိုက်လို့ရတယ်။
အောက်ခြေမှာ ရေစိမ့်ဖို့အပေါက်ဖောက်ပေးရမယ်။
အိုးကို ကြိုးနဲ့ချိတ်ထားရင်လည်းရပါတယ်။
Fighting(နည်းပညာပံ့ပိုးပေးသူဆရာလှမြင့်ကျော်ရွှေမြေကြီးအော်ဂဲနစ်ခြံ)
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။