မိန်းမဖြစ်ပေမယ့် ဆောက်လုပ်ရေး မှာ လုပ်နေတဲ့ ကလေး ၃ ယောက် မိခင်

ယနေ့ခေတ်လို အိမ်ထောင်တစ်ခုမှာ လူတစ်ဦးတည်းရဲ့လုပ်စာနဲ့ ရပ်တည်လို့မရတဲ့ခေတ်ကြီးမှာ

အမျိုးသမီးတွေဟာ အိမ်ထောင်မှုကို ထိန်းသိမ်းနေရုံနဲ့တင် နေလို့မရကြတော့ပါဘူး။

သူတို့ကိုယ်တိုင်လုပ်ငန်းခွင်ဝင်ကာ အများနည်းတူ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်ကိုင်ရှာဖွေစားသောက်ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံက သစ်သီးရောင်းချသူ ဇနီးမောင်နှံ၂ဦးဟာ၊

ယခင်ကစျေးထဲတွင်သစ်သီးရောင်းချရင်း သားသမီးတွေကို ရှာဖွေကျွေးမွေးနိုင်ခဲ့ပေမယ့်၊

ရောဂါကပ်ဆိုးရဲ့ဘေးကြောင့် ဆိုင်ခန်းများပိတ်လိုက်ရချိန်မှာတော့ မိသားစုစားဝတ်နေရေးအတွက် အခက်ကြုံခဲ့ရပါတယ်။

ဝမ်းစာအတွက် ခင်ပွန်းသည်မှာ အလုပ်ကြမ်းများလုပ်၍ ရှာဖွေကျွေးမွေးသော်လည်း ၊

သားသမီး၃ဦးနဲ့အိမ်ထောင်စုတစ်စုကိုတာဝန်ယူဖို့ အဆင်မပြေတော့တဲ့အခါမှာတော့၊

 

မိခင်ဖြစ်သူမှာ အမျိုးသားနည်းတူ ဆောက်လုပ်ရေးလုပ်ငန်းထဲသို့ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ခဲ့ရပါတယ်။

ယောက်ျားသားများအတွက်တောင် ပင်ပန်းခက်ခဲတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ

မိန်းမသားတစ်ယောက်အနေနဲ့ ဆင်းရဲဒုက္ခခံကာလုပ်ကိုင်ရသော်လည်း၊

ထိုအမျိုးသမီးကတော့ သားသမီးတွေကိုပြုစုစောင့်ရှောက်ဖို့အရေးအားကြိုးမာန်တက်လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung)