ကမ္ဘာ့စျေးအကြီးဆုံး ကား ၁၀ မျိုး

စာဖတ်သူပရိသတ်များထဲ ကားကြိုက်တဲ့သူ ရှိမယ်ထင်တယ်နော်။ကားကတော့ လူတိုင်းနီးပါးကြိုက်ပါတယ် အထူးသဖြင့်ယောကျာ်းလေးတွပေါ့နော်။သူတို့ဟာ သူတို့စိတ်ကူးအိပ်မက်ထဲ ကားဆိုတာ စိတ်ကူးယဉ်နေကျပါ။ဒါကြောင့် ဒီနေ့မှာတော့ လူတိုင်းအကြိုက်ဖြစ်တဲ့ ဈေးအကြီးဆုံး ကား(၁၀) စီးကို ဖော်ပြပေးလိုက်ပါတယ်နော်။

(10)Zenvo ST1

Zenvo ကနေထုတ်လုပ်ထားတဲ့ ဒီကားကတော့ တန်ဖိုးအားဖြင့် $1.4M ရှိပြီး 6.8-liter V8 ကိုမှ Supercharger နဲ့ Turbocharger သုံးပေးထားတာဖြစ်ပါတယ်။

(9)Ferrai LaFerrari

3 စက္ကန့်အတွင်း 0 ကနေ 60 mph အထိ မောင်းနိုင်တဲ့ကားကတော့ ဒီကားပြီးရင် သိပ်များများစားစားရှိမယ်မထင်ပါဘူး။၇ စက္ကန့်အတွင်း 124 mph အရှိန်တင်နိုင်ပြီး အမြန်ဆုံး 217 mph ထိမောင်းနိုင်ပါသတဲ့။ကားအလေးချိန်ကလည်း 2,800 ပေါင်လောက်ပဲရှိပါတယ်။တန်ဖိုးအနေနဲ့ကတော့ $1.4 M ရှိပါတယ်။

(8)Pagani Huayra

Huayra ကတော့ နာမည်နဲ့လိုက်အောင်ကို စွမ်းဆောင်မှုမြင့်လွန်းတဲ့ကားတစ်စီးဖြစ်ပါတယ်။သူကတော့ AMG ကိုအခြခံထားတဲ့ 6.0-liter V12 ကိုမှ Turbocharger 2 ခုကို အသုံးပြုထားတာဖြစ်ပါတယ်။တန်ဖိုးကတော့ $1.4M ဖြစ်ပါတယ်။

(7)Aston Martin One-77

Aston Martin ကထုတ်ထားတဲ့ ဒီကားကတော့ မခေပါဘူး။ V12 ကိုမှ 7.3 liters တောင်သုံးထားတာပါ။
မြင်ကောင်ရေအား 750 hp တောင် ထုတ်နိုင်တာ ဖြစ်လို့ Aston က ထုတ်သမျှ ကားထဲမှာ သူဟာ အမြန်ဆုံးကား ဖြစ်ပါတယ်။တန်ဖိုးကတော့ $1.4M ဖြစ်ပါတယ်။

(6)Koenigsegg One:1

$2M နဲ့ကတော့ လိုချင်တာ အများကြီးဝယ်လို့ရပါတယ်။ဒါပေမဲ့ ဒီကားဝယ်မယ်ဆိုရင်တော့ တစ်စီးပဲရပါတယ်။မြန်နှုန်းအရကော..ဒီဇိုင်းအရပါ ကြိုက်တာလာ ယှဉ်နိုင်တယ်ဆိုတဲ့ Koenigsegg One:1 ကတော့ $2 သန်း တန်ဖိုးရှိပါတယ်။

(5)Ferrari F60 America


ဒီကားကတော့ F12 နဲ့ခပ်ဆင်ဆင်ဖြစ်ပါတယ်။ဒါမဲ့ ချွတ်စွတ်တော့ မတူပါဘူး 6.2liters နဲ့ V12 ကိုသုံးထားလို့ မြင်းကောင်ရေအား 740 hp ထုတ်ပေးနိုင်ပါတယ်။0 ကနေ 60 mph ထိမြန်နှုန်းကို 3.1 စက္ကန့်အတွင်းတင်နိုင်ပါတယ်။တန်ဖိုးကတော့ $2.5M ဖြစ်ပါတယ်။

(4)Mansory Vivere Bugatti Veyron

ဈေးအကြီးဆုံးကားတွေဆိုရာမှာ Bugatti ကတော့ မပါလို့မဖြစ်ပါဘူး။ကမ္ဘာ့အမြန်ဆုံး၊အလှဆုံးကားတွေထဲက တစ်ခုဖြစ်တဲ့အလျောက် တန်ဖိုးကတော့ မနည်းပါ။ $3.4M ဖြစ်ပါတယ်။

(3)W Motors Lykan Hypersport

 

Fast&Furious 7 ထဲက Lykan Hypersport ကိုမှတ်မိကြလား မသိဘူး။Dubai က မိုးမျှော်အဆောက်အအုံ ၃ ခုတောင် ဖြတ်ကျော်ပစ်တဲ့ကားပေါ့။ဇာတ်ကားထဲမှာထင်မဟုတ်ပဲ အပြင်မှာလည်း လှပပြီးအရမ်းမိုက်ပါတယ်။တန်ဖိုးကတော့ $3.4M ဖြစ်ပါနယ်။

(2)Lamborghini Veneno

ဇိမ်ခံကားတွေထဲမှာ နာမည်အကြီးဆုံးလို့ပြောရင်တောင်မမှားတဲ့ Lamborghini ကထုတ်ထားတဲ့ ဒီကားကတော့ ဘယ်ရှုထောင့်ကကြည့်ကြည့် ပြည့်စုံနေပါတယ်။မြန်နှုန်း၊ဒီဇိုင်း၊ဇိမ်ခံတာ ကအစ အစုံပြည့်စုံပါတယ်။တန်ဖိုးကတော့ $4.5M တောင်ဖြစ်ပါတယ်။

(1)Koenigsegg CCXR Trevita

ကမ္ဘာ့ဈေးအကြီးဆုံးကားကတော့ Koenisegg CCXR Trevita ပဲဖြစ်ပါတယ်။4.8- liter ရယ် Dual-supercharged V8 သုံးထားလို့ မြင်ကောင်ရေအား 1,004 hp တောင်ထုတ်နိုင်ပါတယ်။ဒီလို အံ့မခန်းအရည်သွေးတွေကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာ အနေနဲ့ ၃ စီးသာ ထုတ်လုပ်ခဲ့ပါတယ်။တန်ဖိုးကတော့ $4.8 M ဖြစ်ပါတယ်။

ဝင်ရောက်ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။