ဒီစာလေးကို ဆုံးအောင်ဖတ်ပြီးရင် အပယ်လေးဘုံနဲ့ မဆိုင်တော့ဘူးလို့မှတ်ပါ

ဒီစာဆုံးတာနဲ့အပါယ်လေးဘုံဆိုတာသင်နဲ့မဆိုင်တော့ဘူး။

ဗုဒ္ဓဘုရားရှင်ဟာ ကောသလတိုင်းထဲမှာရှိတဲ့

ဝေဠုဒွါရေယျဆိုတဲ့ ပုဏ္ဏားရွာကြီးတစ်ရွာကိုနောက်ပါရဟန်းများစွာနဲ့အတူ၊

ကြွလာတော်မူတယ်၊ဘုရားရှင်ကြွလာတယ်လို့သတင်းကြားရင်ပဲ၊

ရပ်ရွာခေါင်းဆောင်တွေ၊ပုဏ္ဏားသူကြွယ်တွေအပါအဝင်…

ပရိသတ်အတော်များများလာရောက်ကြတယ်။

ပုဏ္ဏားသူကြွယ်ကြီးတစ်ဦးကသိလိုတာမေးခွင့်ပြုဖို့

တောင်းပန်လျှေက်ထားတယ်၊

ဗုဒ္ဓဘုရားရှင်ကခွင့်ပြုတော့ သူမေးတယ်။

” အရှင်ဂေါတမ ကျွန်ုပ်တို့ဟာ

အရှင်ဂေါတမတို့လို လူ့ဘောင်ကိုစွန့်ပြီး၊

တရားအားမထုတ်နိုင်ကြပါဘူး၊သားသမီး ဇနီးမယားတွေနဲ့အတူ

လူ့ဘဝမှာ အာရုံခံစားစရာတွေပြည့်ပြည့်စုံစုံနဲ့ ချမ်းချမ်းသာသာ

ပျော်ပျော်ရွှင်ရွှင် ခံစားနေချင်ပါတယ်ဘုရား၊

သေပြီးရင်လဲကာမဂုဏ်စည်းစိမ်ချမ်းသာတွေပြည့်ဝတဲ့

လူ့ဘဝ, နတ်ဘဝတွေမှာပြန်ဖြစ်ချင်ပါတယ်၊

နည်းလမ်းရှိရင်မိန့်ကြားပါဘုရား” လို့လျှောက်ထားတယ်။

ဝေဠုဒွါရေယျက ပုဏ္ဏားကြီးဟာလူသားထုတစ်ရပ်လုံးရဲ့ကိုယ်စား၊

လျှောက်ထားလေသလားလို့တောင်ထင်မှတ်ရတယ်၊ အားလုံးရဲ့ဆန္ဒနဲ့

ထပ်တူကျနေလို့ပါ၊ ခုခေတ်လူတွေလဲပုဏ္ဏားကြီးနဲ့တစ်ဖြတ်တည်းဖြစ်မှာပါ၊

ခေတ်အဆက်ဆက်လူသားတိုင်းနီးပါးဒီလိုဆန္ဒသဘောထားရှိကြတာပဲမဟုတ်လား?

ရှင်တော်ဗုဒ္ဓ မိန့်ဟတော်မူလိုက်တယ်။

” သင်တို့အားလုံး

ကိုယ်ချင်းစာစိတ်ထားကြကုန်လော့ “

ကိုယ်ချင်းစာစိတ်ဆိုတာ

(၁) ကိုယ့်ကိုသတ်တာမကြိုက်ရင်သူများကို မသတ်ကြနဲ့၊

(၂) ကိုယ့်ပစ္စည်းမတရားယူတာမကြိုက်ရင်သူများပစ္စည်းမတရားမယူကြနဲ့၊

(၃) ကိုယ့်သားမယားလွန်ကြူးတာမကြိုက်ရင်သူများသားမယား မလွန်ကြူးကြနဲ့၊

(၄) ကိုယ့်ကိုလိမ်ညာတာမကြိုက်ရင် သူများကို မလိမ်ညာကြနဲ့၊

(၅) ဂုံးတိုက်,ရန်တ္ကိုစကားတွေကိုယ်မကြိုက်ရင် သူများကိုမပြောကြနဲ့၊

(၆) ကြမ်းတမ်းရိုင်းစိုင်းတဲအပြု, အပြော, အရေးအသားတွေကိုယ်မကြိုက်ရင် သူများမလုပ်ကြနဲ့၊

(၇) အကျိုးမရှိ, အနှစ်မရှိ, အတင်းအဖျင်းစကားတွေ ကိုယ်မကြိုက်ရင် သူများမပြောကြနဲ့။

ဒါဆိုရင်သင်တို့ဆန္ဒ ပြည့်ဝလိမ့်မယ်။

(မဟာဝဂ္ဂသံယုတ်၊ ဝေဠုဒွါရေယျသုတ်)

ဗုဒ္ဓလက်ထက်တော်ကကျောင်းဒကာကြီးတွေ၊ကျောင်းအမကြီးတွေဟာ

သားမယား လင်ယောက်ျားတွေသားသမီးတွေ စည်းစိမ်ဥစ္စာတွေအပြည့်အစုံနဲ့နေကြတဲ့သူဌေးသူကြွယ်ကြီးတွေ ဘုရင်ကြီးတွေပါ။

သူတို့လဲ ကာမအာရုံတွေအပြည့်အဝခံစားကြပြီးအထက်နတ်ပြည်ရောက်သွားကြတာပဲမဟုတ်လားကိုယ်ချင်းစာစိတ်ထားကြဖို့ပါ၊၊

ကိုယ်ချင်းစာစိတ်ဟာသူတော်ကောင်းစိတ်ဓာတ်၊
မြင့်မြတ်တဲ့စိတ်ဓာတ်ဖြစ်တယ်။

ဒီလိုစိတ်ရှိတဲ့သူကိုသူတော်ကောင်း၊မြင့်မြတ်တဲ့သူလို့ခေါ်ရမှာပါ။

သူတို့ဟာမြင့်မြတ်တဲ့ဘဝရောက်ဖို့ သေချာပြီပေါ့။ကိုယ်နေထိုင်ရာမိသားစုအသိုင်းအဝိုင်း၊ပတ်ဝန်းကျင်၊

အလုပ်အကိုင်, ရပ်ကွက်, မြို့,ရွာ,နေရာဒေသတွေမှာ စာနာစာစိတ်ရှိသူတွေနဲ့ နေထိုင်ရတယ်ဆိုရင် ဘယ်လောက်များစိတ်ချမ်းသာစရာကောင်းလိုက်မလဲစဉ်းစားသာကြည့်လေတော့၊

လောကကြီးဟာ သာသာယာယာကြီးနေမှာပါ။

ကိုယ်ချင်းစာစိတ်ဟာ အလိုမကျမှု၊မကျေနပ်မှုနဲ့ စိတ်ဖိစီးမှုတွေကိုလျော့ချရာမှာ အလွန်ထိရောက်တဲ့လက်နက်ကောင်းတစ်ခုပါ။

သားသမီးတွေအပေါ် အလိုမကျဖြစ်နေရင်ကိုယ်ချင်းစာလိုက်ပါ

ငါလဲငယ်ငယ်က ဒီလိုပါပဲလို့။တပည့်တွေကိုအားမရရင်ငါ့တုန်းကလဲ အတူတူပါပဲလေ။

လက်အောက်ငယ်သားတွေ
အကြီးအကဲတွအလုပ်သမားတွေအလုပ်ရှင်တွေ မိတ်ဆွေတွေ

လုပ်ဖော်ကိုင်ဖက်စတဲ့ ကိုယ်နဲ့ပတ်သက်တဲ့သူတွေ အားလုံးအပေါ် စာနာစိတ်လေးထားကြည့်လိုက်ပါလား အလိုမကျတာတွေ မကျေနပ်တာတွလျော့ပါးသွားပြီး

စိတ်တွေလဲပေါ့ပါးသွားလိမ့်မယ်၊ အားလုံးနဲ့အဆင်ပြေပြီး လောကကြီးတစ်ခုလုံး အလှတွေဝေဆာနေပါလိမ့်မယ်။

ဆက်လက်ပြီးတော့ ပြည့်စုံရမည့်အချက်လေးချက်ကိုလည်းမိန်ကြားတော်မူတယ်။

(၁) ဘုရားရှင်ကို ဉာဏ်နဲ့သက်ဝင်ယုံကြည်ပါ၊၊

(၂) တရားတော်ကို ဉာဏ်နဲ့သက်ဝင်ယုံကြည်ပါ၊၊

(၃) သံဃာတော်ကို ဉာဏ်နဲ့သက်ဝင်ယုံကြည်ပါ၊၊

(၄) ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းပါ။

ဒါဆိုရင်တော့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချလို့ရပါပြီ။

အပါယ်လေးဘုံဟာသင်နဲ့မဆိုင်တော့ဘူးဆိုတာပါပဲ။

(ဝေဠုရိယျဒွာရေယျသုတ်)

Credit to Woon Thar Nu မေတ္တာဖြင့်ကူးယူမျှဝေသည်။