သာမာန်လူတွေ မမြင်ဖူးတဲ့ ရေအောက် သတ္တဝါ ၂၀ မျိုး

ကျနော်တို့လူသားတွေ သိထားတဲ့ ပင်လယ်နေသတ္တဝါအမျိုးအစားကတော့ မနည်းပါဘူး။ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေ ပြောတာကတော့ လူသားတွေအနေနဲ့ ပင်လယ်တွေရဲ့ ၅% တောင် နံ့အောင်မရောက်ဖူးပါဘူးတဲ့။ဒါကြောင့် အခု စာဖတ်သူ မြင်ဖူးအုံးမှာ မဟုတ်တဲ့ ပင်လယ်နေ သတ္တဝါ တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်……

(1) မျက်လုံးကြီးနဲ့တူတဲ့ Halitrephes Massi Jellyfish တေကတော့ အရှေ့ပစိဖိတ် သမုဒ္ဒရာမှာရှိပြီး လူတွေတွေ့တာ ရှားပါတယ်။

(2)စိတ်ပျက် ဒီပရက်ရှင်ဝင်နေတဲ့ ငါးနဲ့တူနဲ့ Blob Sculpin ငါးကတော့တောင်ပစိဖတ်နဲ့ Bering ပင်လယ်မှာ နေထိုင်ပါတယ်။သူတို့ကတော့ သဲတွေကနေ ကင်းအောင် ဥတွေ ခဏခဏ လွှတ်ထုတ်ပါတယ်တဲ့။

(3) ခရစ်စမတ်သစ်ပင်ငါးလို့ခေါ်တဲ့ ဒီငါးတွေကတော့ အပူပိုင်းပင်လယ်တွေမှာ တွေ့ရပြီး Caribben မှ Indonesia ထိ တွေ့ရနိုင်ပါတယ်။

(4) ဒါကတော့ Clown Frogfish လ်ု့ိခေါ်ပါတယ်။နာမည်နဲ့လိုက်အောင် clown နဲ့တူသလို ဖားနဲ့လည်းတူပါတယ်။သူ့အရွယ်လောက် သားကောင်ကို ဖမ်းစားနိုင်ပြီး အရှည်ကတော့ ၆ လက်မလောက်ရှ်ပါတယ်။

(5)ခန္တာကိုယ်အချိုးနဲ့တွက်ရင် ငါးတွေထဲမှာ သွားအကြီးဆုံး ပိုင်ဆိုင်တာကတော့ fangtooth ငါးတွေပါ။ဒါမဲ့ အကိုက်ခံရမှာ မကြောက်ပါနဲ့..သူတို့က တကယ့်ပင်လယ်အနက်တွေမှာပဲ နေလို့ပါ။

(6)Gulper ငါးရှဉ့်လို့ခေါ်တဲ့ ဒီငါးကတော့ တကယ်တော့ ငါးရှဉ့်မဟုတ်ပဲ ငါးမျိုးစိတ်တစ်မျိုးသာဖြစ်ပါတယ်။ပင်လယ်အနက် ပေ ၁၀,၀၀၀ ကျော်မှာနေကြတာဖြစ်လို့ တော်ရုံဆို တွေ့ဖို့ မလွယ်ပါဘူး။

(7)Vampire ကင်းမွန်တွေကတော့ အနက် ပေ ၃,၀၀၀ လောက်မှာနေကြပါတယ်။သူရဲ့ အကာတွေက vampire ရဲ့ဝတ်ရုံနဲ့တူလို့ အဲ့ဒီနာမည်ကို ရခဲ့တာဖြစ်ပါတယ်။

(8) ဒီခြောက်ခြားစရာငါးကိုတော့ Angler ငါးလို့ခေါ်ပါတယ်။ပင်လယ်အနက်မှာပဲနေပြီး အပျင်းထူကြပါတယ်။သားကောင် သူ့ပါးစပ်ဝရောက်လာတဲ့ထိ စောင့်ပဲထိုင်စောင့်ပါတယ်။

(9)Red Handfish ခေါ် ဒီငါးကတော့ ရုပ်ပါ ထူးဆန်းတာမဟုတ်ပါဘူး။နေထိုင်ပုံကပါ ထူးဆန်းတာပါ။ပုံမှန်ငါးတွေလို ရေကူးမယ့်အစား သူ့လက်ကိုသုံးပြီး ပင်လယ်ကြမ်းပြင်မှာ လမ်းပဲလျှောက်ပါတယ်တဲ့။

( 10)Claw Lobster
လက်မကြီးကြီးနဲ့ ဒီပုဇွန်ကိုတော့ ၂၀၀၇ မှာတွေ့ရှိခဲ့ပါတယ်။ကြောက်စာအရမ်းကြီးမကောင်းပေမယ့် စားခိင်စရာလည်း သိပ်မရှိတဲ့ ဟိုမရောက် ဒီမရောက်ကြီးပါ

(11) Frilled Shark ခေါ် ဒီငါးမန်းကတော့ ဟိုဟာနဲ့တူတယ်လို့ တစ်ချို့ကပြောပါတယ်။Atlantic သမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာတွေမှာ တွေ့ရပြီး ပင်လယ်အနက် ပေ ၁၆၀ လောက်မှာလည်း တွေ့နိုင်ပါတယ်။

(12)Leafy Seadragon ခေါ် ဒီ ပင်လယ်နဂါးလေးကတော့ Australia ရဲ့ တောင်နဲ့အနောက် ကမ်းစပ်တွေမှာ တွေ့ရပါတယ်။

(13)ငိုမဲ့မဲ့မျက်နှာကြီးနဲ့ ဒီငါးကိုတော့ Northern Stargazer လို့ခေါ်ပါတယ်။စိုက်ကြည့်နေလို့ပါ။သူကတော့ သဲထဲ လုံးလုံးမြှပ်ပြီး သားကောင်းတွေကို ဖမ်းပါတယ်။

(14)ချစ်စရာကောင်းပြီးလှပတဲ့ ဒီသတ္တဝါကိုတော့ Polka Dot Nudibranch လို့ခေါ်ပါတယ်။အနက်ပေ ၃၀၀၀ လောက်မှာနေပြီး အဲ့အဒီ အမွှေးနဲ့တူတဲ့အရာတွေကတော့ တကယ်က မာမေတဲ့အရိုတွေလိုပါ။

(15)Sea Pen ခေါ်ဒီ သတ္တဝါတွေလေးတေကိုတော့ သူတို့ရဲ့ရုပ်ပေါ်မူတည်ပြီး နာမည်ပေးထားတာဖြစ်ပါတယ်။

(16)ဒီငါးကိုတော့ Trigger Fish လ်ု့ိခေါ်ပါတယ်။လူတွေရဲ့သွားနဲ့တူတဲ့သွားတွေကြောင့် အဆန်းကြီးဖြစ်လို့နေပါတယ်။

(17)Autralia နဲ့ New Guinea ရဲ့ သန္တာကျောက်တန်းတွေမှာ နေတဲ့ ဒီငါးကိုတော့ Tasseled Wobbegong ကတော့ ကောဇောနဲ့ တူပါတယ်။သားကောင်တွေကို တနေရာထဲမှာပဲ စောင့်ဖမ်းတတ်ပါတယ်။

(18) အနက်ပေ ၅,၀၀၀ လောက်မှာနေတဲ့ ဒီငါးကိုတော့ Viler Fish လို့ခေါ်ပါတယ်။ညဆိုရင်တော့ ရေတိမ်တွေကို လာတတ်ပါတယ်။သူတို့ရဲ့ ထူးခြားချက်က နာရီနဲ့ချီပြီး လုံးဝမလှုပ်ပဲ နေနိုင်တာပါပဲ။

(19)တောင် Atlantic တဲ့ ပစိဖိတ် သမုဒ္ဒရာတွေမှာနေတဲ့ ဒီငါးကို Wolffish လို့ခေါ်ပါတယ်။ကြီးတဲ့အကောင်ဆို ၆ ပေလောက်တောင်ရှိတတ်ပါတယ်။

(20)ချစ်စရာပိစိလေးကိုတော့ Dumbo ရေဘဝဲ လို့ခေါ်ပါတယ်။Dumbo ဆိုတဲ့ကားလေး ကြည့်ဖူးတဲ့သူတို့ နားလည်မှာပါ ဘာလို့ Dumbo လို့ခေါ်လည်းဆိုတာ။သူတို့ကတော့ အနက်ပေ ၉,၀၀၀ လောက်မှာ နေကြပါတယ်။

ဝင်ရောက်ကြည့်ရှုပေးတာ ကျေးဇူးတင်ပါတယ်။