ငှက်ပျောသီး စားတာများရင် ဖြစ်လာမယ့် ဆိုးကျိုး ၄ ချက်

ငှက်ပျောသီး ရဲ့ ဘေးထွက် ဆိုးကျိုး (၄) မျိုး….

ငှက်ပျောသီးဟာ အအေးစာတစ်မျိုးဖြစ်တဲ့အတွက်…

အဆုတ်နဲ့ အသက်ရှုလမ်းကြောင်း မှာ ပြဿနာ ရှိသူတွေ အတွက်တော့အန္တရာယ် ရှိပါတယ်။

ငှက်ပျောသီး ဆိုရင် ဖီးကြမ်း စားမလား၊သီးမွှေးစားမလား၊ရွှေနီစားမလား၊ရခိုင်စားမလား၊ သူ့အမျိုးအစားနဲ့သူ မွှေးကြိုင်ပြီး ချိုမြတဲ့ အရသာတစ်ခုကို ရရှိစေနိုင်မှာပါ။

နောက်ပြီး ငှက်ပျောသီး စားခြင်းကနေ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာအကျိုးကျေးဇူး တွေကို လည်း ရရှိစေနိုင်မှာပါ။

ဒါပေမယ့် ငှက်ပျောသီး မှာလည်း ဘေးထွက် ဆိုးကျိုး တွေ (side-effects) ရှိနေပါသေးတယ်။

အဲဒီ ဘေးထွက် ဆိုးကျိုး တွေကို သိထားရင် မိမိနဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ပြီး အကျိုးရှိရှိ စားသုံးနိုင်မှာပါနော်။

(၁)ချွဲထစေတယ်…

ပန်းနာသမား တွေဆိုရင်တော့ ဒီအကြောင်းကို သိကောင်းသိမှာပါ။

ငှက်ပျောသီး ဟာ အအေးစာ တစ်မျိုးဖြစ်တဲ့အတွက် အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်း မှာ ပြဿနာရှိသူတွေအတွက်တော့ အန္တရာယ်ရှိပါတယ်။

အဲဒါကတော့ ချွဲထစေနိုင်တာပါပဲ၊နောက်ပြီး အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ပြဿနာတချို့ ကိုလည်း ဆောင်ကြဉ်းလာနိုင်ပါသေးတယ်။

ငှက်ပျောသီး စားသုံးမှုကြောင့် အသက်ရှူ လမ်းကြောင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေရှိပါတယ်။

အဲဒီကမှတဆင့် အသက်ရှူရ ခက်ခဲခြင်း၊ အစာမျိုချရခက်ခဲခြင်း၊ ရင်ဝမှာ ချွဲပိတ်ဆို့ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

အခြေအနေ ဆိုးရွားရင် ချွဲဆို့ပြီး သေတတ်ပါတယ်။

(၂) ဝိတ်တက် စေမယ်…

အာလူးကြော်တို့၊ ကိုကာကိုလာတို့ထက် စာရင်တော့ ငှက်ပျောသီးတွေက ကယ်လိုရီပါဝင်မှု ပိုနည်းတာ အမှန်ပါပဲ။

ဒါပေမယ့် သူတို့မှာ ခင်ဗျားကို ဝိတ်တက်စေနိုင်တဲ့ ကယ်လိုရီပမာဏတော့ လုံလောက်စွာ ပါဝင်နေပါတယ်။

ငှက်ပျောသီး အရွယ်ခပ်လတ်လတ်တစ်လုံးမှာ (၁၀၅) ကယ်လိုရီပါဝင်ပါတယ်။

ဒါဟာ လိမ္မော်သီးတစ်လုံးမှာပါဝင်တဲ့ ကယ်လိုရီ (၆၂)၊ ဖရဲသီး တစ်ပန်းကန်မှာ ပါဝင်တဲ့ ကယ်လိုရီ (၄၅)၊ စပျစ်သီး တစ်ပန်းကန်မှာ ပါဝင်တဲ့ ကယ်လိုရီ (၆၂) တို့နဲ့နှိုင်းယှဉ်ရင်တော့ တော်တော်များတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ကယ်လိုရီနည်းတဲ့ မုန့်ပဲသရေစာ တစ်ခုခုကို ရှာနေတယ်ဆိုရင်တော့ ငှက်ပျောသီး က အကောင်းဆုံး ရွေးချယ်မှုတစ်ခု မဟုတ်ပါဘူး။

(၃)ခေါင်းကိုက် စေတယ်

တကယ်လို့ ခင်ဗျားဟာ မကြာခဏ ခေါင်းကိုက် ခေါင်းမူးတတ်တယ်ဆိုရင်တော့ ငှက်ပျောသီး စားသုံးခြင်းကို အထူးရှောင်ကြဉ် သင့်ပါတယ်။

ဒိန်ခဲ၊ ငါး၊ အသားနဲ့ ငှက်ပျောသီးထဲမှာ တွေ့ရတတ်တဲ့ Tyramine လို့ခေါ်တဲ့ အရာတစ်မျိုးဟာ ခေါင်းကိုက်ခြင်း ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

အထူးသဖြင့် ငှက်ပျောခွံပေါ်က Tyramine ပမာဏက ငှက်ပျောသီးအသားထက် (၁၀) ဆ လောက် ပိုများပါသတဲ့။

၄. သွားကိုက်သွားနာစေမယ်

ကစီဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးတွေဟာ သွားကိုက်သွားနာခြင်းနဲ့ သွားအပေါ်ယံကြွေလွှာ ပျက်ဆီးခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဆေးဘက်ဆိုင်ရာ လေ့လာမှုတွေအရတော့ ငှက်ပျောသီးတွေက ချောကလက်၊ ပီကေ၊ အနီရောင်နွယ်ချိုတို့ ထက်တောင်ပိုပြီး ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကစီဓာတ်တွေက ခံတွင်းထဲမှာ နှေးကွေးစွာ ပျော်ဝင်ပြီး သကြားတွေ ကတော့ မြန်ဆန်စွာ ပျော်ဝင်နိုင်လို့ပါပဲ။

ဒါကြောင့် ငှက်ပျောသီးစားထားရင် ငှက်ပျောသီးဖတ်လေးတွေက သွားတွေကြားမှာ နှစ်နာရီ ဝန်းကျင်ကပ်နေနိုင်ပြီး ဘက်တီးရီးယားတွေကို ဖိတ်ခေါ်နေနိုင်ပါတယ်။

အဲဒီကမှတဆင့် သွားပိုးပေါက်တွေ ဖြစ်လာနိုင်ပါတယ်။

Source: duwun