
သင့်အိမ်ဝင်းထဲမှာ မြွေတွေအဝင်အထွက်ရှိနေလို့ စိတ်ညစ်နေသူများအတွက် မြွေတွေပြေးစေမည့် သဘာဝ နည်းလမ်းလေးပါ။
သဘာဝ ဆေးနည်း ပါဝင်ပစ္စည်း….
ဆေးရွက်ကြီး(စွန့်ပစ်ထားသော) ဆေးရိုးများ၊ ဇီးဖြူသီး၊ ဇီးဖြူရွက်၊
ဆေးရွက်ကြီးဆေးရိုးများ အမှုန့်ကြိတ် ဖြူးပေးပါ။
ဆေးရွက်ကြီး/ဆေးရိုးများ ရေစိမ် ပက်ဖြန်းပေးပါ။
ဇီးဖြူသီး/ရွက်များကို မြွေလာနိုင်သော နေရာများတွင် ပက်ကျဲပေးပါ။
ဇီးဖြူသီး/ရွက်များကို ရေဖြင့်ရောစပ် အရည်ကြိတ် ပက်ဖြန်းပေးပါ။
အဆင်ပြေသောနည်းကို အသုံးပြုနိုင်ပါတယ်။
စာကြွင်း ။ ။ကျေးဇူးရှင်တောင်သူဦးကြီးများသို့ လယ်မြေ/ ယာမြေ/ ဥယျာဉ်ခြံတွေထဲမှာ မြွေအန္တရာယ် ကင်းဝေးစေဖို့ ဆေးရွက်ကြီး (စွန့်ပစ်ထားသော) ဆေးရိုးများ ဖြန့်ကျဲပေးပါ။
မိုးရွာလာရင် ဆေးရွက်အရည်များကို ရှုရှိုက်မိပြီး မြွေဆိုးများ မူး/မေ့ စေပါတယ်။
နောက်ပိုင်း တစ်နှစ်ပတ်လုံး မြွေမလာတော့ပါ။
Credit : Nay Htut Aung