လက်တွေမရှိပေမယ့် လက်ရေးလှပြိုင်ပွဲမှာ ပထမဆု ရသွားတဲ့ ၁၀ နှစ်သမီးလေး

လူတစ်ချို့ဟာ ဘဝမှာအခက်အခဲကြုံလာတဲ့အခါ အားငယ်တတ်ကြပြီး လွယ်လွယ်နဲ့ လက်လျှော့အရှံးပေးတတ်ကြပါတယ်။

ဒါပေမဲ့ အခက်အခဲတွေဘယ်လောက်ပဲကြုံကြုံ အားမလျှော့ဘဲရင်ဆိုင်မယ်ဆိုတဲ့စိတ်ဓာတ်ရှိသူတွေသာ ဘဝကိုအောင်မြင်စွာဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ Mary land မှာ နေထိုင်တဲ့ Sara Hinesley အမည်ရှိတဲ့ကလေးမလေးဟာ မွေးရာပါလက်ချောင်းလေးတွေမပါပေမယ့် ။

ဘဝကိုအရှုံးမပေးဘဲ ရဲဝံ့စွာကြိုးစားဖြတ်သန်းနေသူတစ်ဦးပါ။

သူမ၁၀နှစ်အရွယ်မှာ မသန်စွမ်း ကလေးတွေအတွက် ကျင်းပပေးတဲ့၊

Zaner -Bloser National Hand writing Contest ဆိုတဲ့ အမျိုးသားလက်ရေးလှပြိုင်ပွဲမှာ ပထမဆုကိုရရှိခဲ့ပါတယ်။

လက်ချောင်းလေးတွေမရှိပေမယ့် သူမရဲ့ကိုယ်ပိုင်နည်းစနစ်နဲ့ ကြိုးစားပြီး လက်ရေးလှပြိုင်ပွဲမှာ ပထမရအောင်ကြိုးစားခဲ့တဲ့

သူမကို Orioles ဘေ့စ်ဘောအသင်းက ဂုဏ်ပြုတဲ့အနေနဲ့ ပွဲစဉ်ရဲ့ပထမဆုံးဘောကို ပစ်ပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Sara Hinesley ကတော့ သူမရဲ့ဘဝအခြေအနေကြောင့် စိတ်ဓာတ်မကျနေဘဲ၊

သူ့လိုမသန်စွမ်း ဖြစ်နေတဲ့ကလေးတွေကိုလည်း အကောင်းဆုံးကြိုးစားမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ပြချင်ကြောင်း ပြောပြခဲ့ပြီး၊

သူ့အိပ်မက်ကတော့ ရှေ့နေဖြစ်အောင်ကြိုးစားကာ ရှေ့နေဘဝကနေ သမ္မတကြီးဖြစ်ချင်ကြောင်း BBC နဲ့အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )
Source – BBC