အမှိုက်ကောက်ရင်း သူဌေး ဖြစ်သွားတဲ့ အမျိုးသမီး

လူအများက အသုံးမလိုတာကြောင့် ပစ်ထားကြတဲ့

တစ်ချို့အမှိုက်တွေဟာ ကောင်းစွာအသုံးချတတ်တဲ့အခါ တန်ဖိုးရှိတဲ့အရာတွေအဖြစ် အသွင်ပြောင်းသွားတတ်ကြပါတယ်။

အမေရိကန်တက္ကဆက်ပြည်နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကတော့

လူတွေအသုံးမဝင်တဲ့အတွက် ပစ်ထားတဲ့အမှိုက်တွေကနေတစ်ဆင့် အသုံးဝင်တဲ့ပစ္စည်းလေးတွေကိုရှာဖွေရင်းနဲ့ သူဌေးဖြစ်လာခဲ့ပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင်တော့ နားလည်ရခက်စရာပါပဲ။

သူမရဲ့အောင်မြင်ခဲ့ပုံလေးကတော့ ဘယ်သူကမှ မထိတွေ့ချင်ကြတဲ့အမှိုက်တွေကို ကောက်ယူပစ်သိမ်းရင်းနဲ့၊

အသုံးဝင်တယ်လို့ယူဆရတဲ့ပစ္စည်ဟောင်းလေးတွေကို စုဆောင်းကာ အဟောင်းဆိုင်လေးဖွင့်လှစ်လိုက်ခြင်းပဲဖြစ်ပါတယ်။

သူ့ရဲ့အဟောင်းဆိုင်လေးဟာ အတော်အတန်အလုပ်ဖြစ်ရာကနေ ၊

တစ်ပတ်ကိုအနည်းဆုံးဒေါ်လာတစ်ထောင်အထိ ရောင်းအားရှိလာခဲ့တာကြောင့် ၊

အမှိုက်ကနေ ငွေဖြစ်အောင်ကြံဆနိုင်တဲ့အမျိုးသမီးဟာ သူဌေးမလေးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )