လူသိနည်းသေးတဲ့ အရက်ပြန် အသုံးချနည်းပေါင်းများစွာ

အရက်ပြန်ကို အသုံးချ နိုင်သော အံ့သြဖွယ်ရာ နည်းလမ်းများ….

အရက်ပြန်က အိမ်တိုင်းရဲ့ ဆေးသေတ္တာ ထဲမှာ ထားထား သင့်တဲ့ ပစ္စည်းပါ။

သူက ပိုးသတ်တာ၊ ချွေးပေါက်ကျဉ်းတာ၊ လင်နမင်လိုမျိုး အသုံးဝင်တာ၊ ပစ္စည်း မျက်နှာပြင်ပေါ်က ပိုးတွေကို သေစေတာတွေအတွက် ထိထိရောက်ရောက် အသုံးဝင် ပါတယ်။

သူက အခြေခံအားဖြင့် ပျော်ဝင် ပစ္စည်းဖြစ်တဲ့ အတွက် ဖုန်မှုန်နဲ့ အဆီတွေကိုလည်း ပျော်ဝင်စေနိုင်ပါတယ်။

Isopropyl alcohol ၇၀ ရာခိုင်နှုန်းနဲ့ ရေ ၃၀ ရာခိုင်နှုန်း ရောစပ်ထားပြီး ဆေးရုံသုံးပစ္စည်းအပြင်၊အိမ်သုံးပစ္စည်း အဖြစ်လည်း၊

အောက်ပါတို့အတွက် အသုံးပြု နိုင်ပါ တယ်။

(၁) Swimmer Ear ကို ကာကွယ်ပေးခြင်း၊

အတွင်းနားထဲကို ရေဝင်တဲ့ အခါမှာ ရေပြန် ထွက်အောင် လုပ်ဖို့ အတွက် ခက်ခဲနိုင် တာကြောင့် နားထဲကို ရောဂါပိုးတွေ ဝင်ရောက် နိုင်ခြေများကာ Swimmer Ear (နားပြည်တည် )ဖြစ်လာ ပါတယ်။

ဒီလိုမဖြစ်အောင် အရက်ပြန်က ကာကွယ် ပေးနိုင် ပါတယ်။အရက်ပြန်ကရေထက် အငွေ့ပြန်လွယ် တာကြောင့် ပါ။

ရေဝင်တဲ့ နားထဲကို အရက်ပြန် အနည်းငယ် ထည့်ပေးလိုက်ရင် ရေနဲ့ အရက်ပြန်ရောပြီး အငွေ့ပြန်သွား တဲ့အတွက် နားက ခြောက်သွေ့သွားပြီး ရောဂါပိုးမဝင်အောင် ကာ ကွယ်ပေး ပါတယ်။

ပြုလုပ်ပုံ – ရေဝင်နေတဲ့ နားကို အပေါ်ဘက် ထားပြီး ဘေးစောင်းအိပ်ပါ။

အရက်ပြန်နဲ့ ရှလကာရည်ကို တစ်ဆစီ ရောထားတဲ့ အရည်ကို နားအစက်ချ ပြွန်နဲ့ နားထဲကို နှစ်စက်မှ လေးစက် ထည့်ပြီး ၁၀ မိနစ်စောင့်ပါ။ ပြီးရင် ရေထွက်အောင် နားကို တစ်ဖက်ပြန်စောင်း လိုက်ပါ။

(၂) ကုတ်ရာခြစ်ရာနှင့်ပြတ်ရှဒဏ်ရာကိုသန့်စင်နိုင်ခြင်း

အရက်ပြန်က ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိ ရှိတဲ့ အတွက် ဒဏ်ရာမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ ထပ်မံပေါက်ဖွားမှု မရှိအောင် ကာကွယ်ပေး နိုင်ပြီး ရှိပြီးသား ဘက်တီးရီးယားတွေ ကိုလည်း သေစေနိုင်ပါတယ်။

ကျုံ့စေတဲ့ ဂုဏ်သတ္တိလည်း ရှိတဲ့အတွက် သွေးတိတ်စေ နိုင်ပါတယ်။

ပြုလုပ်ပုံ * – ဝါဂွမ်းအသုံးပြုပြီး ဒဏ်ရာပေါ်ကို အရက်ပြန်သုတ်လိမ်းပါ။

မိနစ် အနည်းငယ်ခန့်ထားပြီး အစိုဓာတ်လိမ်းဆေး ထပ်မံ လိမ်းပေးပါ။ (အရက်ပြန်က အရေပြားခြောက်သွေ့နိုင်တဲ့အတွက် အစိုဓာတ်လိမ်းခရင်မ်ကို အသုံးပြု ရပါမယ်)

(၃) ဝက်ခြံကိုကာကွယ်နိုင်ခြင်း

အရက်ပြန်ရဲ့ ရောဂါပိုးသေစေ တာနဲ့ အေးစေတဲ့ ဂုဏ်သတ္တိကြောင့် ဝက်ခြံ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

မွေးညင်းပေါက်တွေကို ပိတ်ဆို့ထားတဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားဖို့ အရက်ပြန်က ကူညီပေးနိုင်ပါတယ်။

ပြုလုပ်ပုံ —ဝက်ခြံဖုပေါက်တာကို သတိထား မိမိချင်း အဖုပေါ်မှာ အရက်ပြန် တို့လိုက်ပြီး ၁၀ မိနစ်ခန့်ထားထားပါ။

ပြီးရင် ရေနွေးနဲ့ ရေဆေးကြောပြီး အစိုဓာတ် ထိန်းခရင်မ် လိမ်းပေးပါ။ တစ်နေ့ နှစ်ကြိမ် အသုံးပြု နိုင်ပါ တယ်။

(၄) IVY အ ဆိပ်တက်ခြင်းအတွက် ကုသနိုင်ခြင်း

IVY အပင် ဒါမှမဟုတ် တခြားနွယ်ပင် တွေကြောင့် အရေပြားယားယံပြီး နီရဲလာရင် အရက်ပြန်ကို အသုံးပြုနိုင် ပါတယ်။

အရက်ပြန်က အေးစေတဲ့ ဂုဏ်သတ္တိရှိပြီး အရေပြားပေါ်မှ ပိုးတွေ သေစေ နိုင်တဲ့ အတွက် တခြားရောဂါပိုး တွေ မဝင်ရောက်အောင် လည်း ကာကွယ် နိုင်ပါ တယ်။

ပြုလုပ်ပုံ – စက္ကူပေါ်မှာ အရက်ပြန်ဆွတ်ပြီး အဆိပ်မိနေတဲ့ အရေပြားပေါ်မှာ သုတ်လိုက်ပါ။ အရေပြား လုံးဝခြောက်သွေ့ သွားရင် ရေနွေးဆပ်ပြာနဲ့ ဆေးကြောပါ။

နှစ်ရက်၊ သုံးရက်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

(၅) ခြေသည်းမှိုပိုးဝင်ခြင်းအတွက်ကုသနိုင်ခြင်း

ပိုးသေစေတဲ့ ဂုဏ်သတ္တိ ရှိတဲ့ အတွက် ခြေသည်းမှိုရောဂါ အတွက်လည်း ကုသနိုင် ပါတယ်။

ခြောက်သွေ့လွယ်တဲ့ အတွက် ပူနွေးစွတ်စိုတဲ့ ပတ်ဝန်းကျင်ကို နှစ်ခြိုက်ကြ တဲ့ ဖန်းဂတ်စ်ပိုးတွေ ပေါက်ဖွားမှုကိုလည်း တားမြစ်ပေး နိုင်ပါ တယ်။

ပြုလုပ်ပုံ – အရက်ပြန်နဲ့ ရှလကာရှည်ကို ဆတူရော ထားပါ။ အဲဒီအရည်ကို ဝါဂွမ်းဆွတ်ပြီး မှိုရှိနေတဲ့ ခြေသည်းပေါ်မှာ တင်ထားပါ။

ဝါဂွမ်းနေရာမရွေ့အောင် ပတ်တီးနဲ့ ထိန်းထားပေးပါ။ မိနစ် ၃၀-၄၅ ခန့် ထားပြီး ခြေသည်းကို အမွေးနု သွားပွတ်တံနဲ့ ပွတ်တိုက်ကာ ရေဆေးချပါ။

(၅) ဦးးခေါင်းမှသန်းများသေစေနိုင်ခြင်း

အရက်ပြန်က သန်းတွေကို ထိထိရောက်ရောက် သေစေနိုင်တဲ့ ဂုဏ်သတ္တ်ိရှိပါတယ်။

ပြုလုပ်ပုံ – သန်းရှိတဲ့ ဆံပင်ပေါ်ကို အရက်ပြန် အနည်းငယ် လောင်းချပါ။
ပြီးရင် သင့်လက်တွေနဲ့ ဦးခေါင်းအရေပြားနဲ့ ဆံပင်ပေါ် အရက်ပြန်တွေ နှံ့သွားအောင် ပွတ်ပေးပါ။

၅-၁၀ မိနစ်ခန့် ထားပြီး ဆံပင်ပျော့ဆေးကို ဦးရေပြားအနှံ့ ပွတ်ပေးပါ။ ပြီးရင် ဘီးနဲ့ ဖြီးချကာ ခေါင်းလျှော် လိုက်ပါ။ တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးနိုင် ပါတယ်။

(၆) ခြင်ကိုက်ရာအတွက် အယားသက်သာစေခြင်း၊

အရက်ပြန်ဟာ ခြင်ကိုက်ဒဏ်ရာ အတွက်လည်း အသုံးဝင် ပါတယ်။ ယားယံတာ၊ ရောင်ရမ်းတာနဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေတဲ့ အပြင် ခြင်ကိုက်ဖုလည်း အမြန်လျော့ကျ သွားနိုင် ပါတယ်။

ပြုလုပ်ပုံ – ခြင်ကိုက်ဒဏ်ရာပေါ်မှာ အရက်ပြန်နဲ့ တစ်မိနစ်ခန့် နှိပ်ပြီး ပွတ်ပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေအေးနဲ့ ဆေးချပါ။ ပြီးရင် အစိုဓာတ် ထိန်းခရင်မ် လိမ်းပေးပါ။

(၇) ကြွက်သားနာကျင်ခြင်းအတွက်ကုသနိုင်ခြင်း

အရက်ပြန်ကို လင်နမင်လို အသုံးပြုနိုင်တဲ့ အတွက် ကြွက်သား ကိုက်ခဲတာ ဒါမှမဟုတ် အဆစ်နာကျင်တာတွေအတွက်လည်း အလွန် အသုံးဝင် ပါတယ်။

ဒဏ်ရာရတဲ့ကြွက်သား ဒါမှမဟုတ် အဆစ်နေရာကို သွေးလှည့်ပတ် မှုကောင်းမွန်စေတဲ့ အတွက် ဝေဒနာ သက်သာ သွားတာပါ။

ပြုလုပ်ပုံ – နာကျင်တဲ့ ကြွက်သားပေါ်မှာ အရက်ပြန် ပွတ်လိမ်းပါ။ ၁၀ မိနစ်ခန့် စက်ဝိုင်းပုံ သဏ္ဌာန်နှိပ်ပေးပြီး မျက်နှာသုတ်ပဝါနဲ့ မိနစ် ၃၀ ခန့် ပတ် ထားပေးပါ။ တစ်နေ့ကို ၂-၃ ကြိမ် ပြုလုပ် နိုင်ပါ တယ်။

(၈) မင်စွန်းရာကိုဖျက်နိုင်ခြင်း

အရက်ပြန်ဟာ အဝတ် ဒါမှမဟုတ် ကော်ဇောပေါ်မှ မင်စွန်းရာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ပြုလုပ်ပုံ – မင်စွန်းနေတဲ့နေရာမှ စက်က္ကူနဲ့ မင်စုပ်သွားအောင် ဖိကပ်ပေးပါ။ ပြီးရင် အရက်ပြန်ဆွတ်ပေးပါ။

အရက်ပြန် ဆွတ်လိုက်၊ စက္ကူနဲ့ ဖိပြီး စုပ်ယူလိုက်နဲ့ အဝတ်မှာ မင်တွေ ကုန်စင် သွားတဲ့ အထိ ပြုလုပ်ပေးပါ။

ပြီးရင် ရေအေးနဲ့ လျှော်ချ လိုက်ပါ။ ကော်ဇောပေါ်မှ မင်စွန်းရာကို ဖယ်ရှားလိုရင် ဆပ်ပြာရည် နှစ်ဆ၊ အရက်ပြန် တစ်ဆ ရောစပ်ပြီး အသုံးပြုရပါမယ်။

(၉) မှန်များကိုကြည်လင်စေနိုင်ခြင်း၊

အရက်ပြန်ဟာ ခြောက်သွေ့နှုန်းမြန်ဆန်ပြီး စွန်းထင်းရာတွေ မကျန် နိုင်တဲ့ အတွက် မှန်တွေကို ကြည်လင်စေဖို့ အသုံးပြု နိုင်ပါ တယ်။

လက်ပ်တော့၊ ကီးဘုတ်နဲ့ ဖုန်းမျက်နှာပြင်တွေ ကိုလည်း အရက်ပြန်အသုံးပြုပြီး သန့်စင် နိုင်ပါ တယ်။

ပြုလုပ်ပုံ –ရေ နှစ်ခွက်၊ အရက်ပြန် ခွက်ရဲ့ လေးပုံတစ်ပုံနဲ့ ရှလကာရည် ခွက်ရဲ့ လေးပုံတစ်ပုံတို့ ရောစပ်ထားတဲ့ အရည်ကို သင် သန့်စင်ချင်တဲ့ မှန်၊ ဖန်ခွက် အစရှိတာ တွေပေါ်မှာ ဖျန်းပြီး သတင်းစာ စက္ကူနဲ့ သုတ်ပေးပါ။

ဒေါက်တာခင်မိုးမို