လှချင်လွန်းတဲ့ ဇနီးကို ခင်ပွန်းက ပစ်သွား

မိမိပင်ကိုရုပ်သွင်ပြင်ထက် ပိုမိုလှပဖို့အတွက်ဆိုရင် ဘယ်လောက်ကုန်ကုန် ပြုပြင်ကြဖို့လက်မနှေးကြတာကတော့ အမျိုးသမီးအများစုရဲ့ သဘာဝပါပဲ။

ဒါပေမဲ့ ကိုယ့်ရဲ့ပြင်ဆင်မှုဟာ ကိုယ့်ကိုပြန်လည်ထိခိုက်သွားစေတဲ့အထိ အလွန်အကျွံမဖြစ်စေဖို့ကိုတော့ အထူးဂရုပြုသင့်ပါတယ်။

တရုတ်နိုင်ငံ Jiangchaပြည်နယ် Nanchangမြို့မှာနေထိုင်တဲ့၊

အမျိုးသမီးလေးတစ်ဦးကတော့ ပိုမိုလှပတဲ့ရုပ်ရည်ပိုင်ဆိုင်ချင်တဲ့အတွက် မျက်နှာကိုပြုပြင်ရာကနေ ခင်ပွန်းသည်ရဲ့ကွာရှင်းခြင်းကိုခံခဲ့ရပါတယ်။

Jin လို့အမည်ရတဲ့ အမျိုးသမီးဟာ သူငယ်ချင်းတစ်ဦးရဲ့ အကြံပေးမှုနဲ့ မျက်ရစ်ဖော်ခဲ့ရာကနေ ယခင်ရုပ်ရည်ထက်ပိုမိုရုပ်ဆိုးသွားခဲ့တာကြောင့်

ခင်ပွန်းသည်က လက်မခံနိုင်တော့ဘဲ ကွာရှင်းပြတ်စဲဖို့ တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

ပိုမိုလှပတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ချင်ခဲ့တဲ့ Jin မှာတော့ ကံဆိုးစွာပဲ ယွမ်၂၀၀၀၀ နီးပါးကုန်ကျသွားတဲ့အပြင်ကို ခင်ပွန်းသည်ကိုဆုံးရှုံးလိုက်ရပါတော့တယ်။

လှဖို့အတွက်ဆိုရင် အရာရာစုံလုံးကန်းပြီး ပေးဆပ်ပစ်မယ်လို့ ရည်ရွယ်ထားတဲ့အမျိုးသမီးတွေအတွက် သတိချပ်စရာပါပဲနော်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )