ထူးထူးခြားခြား တိုက်ပွဲတွေကြားက ပေါ်တော်မူ ဘုရား

  • ယခု သတင်းသည် နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ Page မှ ရေးသားထားသော သတင်း ဖြစ်သည်။

မင်္ဂလာပါ ပရိသတ်တို့ရေ..

ဒီကနေ့ ထူးထူးခြားခြား အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ အဲ့တာကတော့ လက်ရှိအချိန်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ဖြစ်ရပ်လေးတစ်ခုပါ။

တစ်နေ့မှာ စခန်းထိုင်နေတဲ့ ရဲဘော်လေးတွေဟာ သူတို့နေတဲ့ တောင်ကုန်းပေါ်မှာ အုတ်စ အုတ်နလေးတွေ တွေ့လို့ တူးရင်းကနေပြီး ထိုင်လျက် မြတ်စွာဘုရားရုပ်ပွားတော်ကြီး တစ်ဆူကို မြေကြီးထဲက တူးဆွ ရင်း ရလိုက်ကြပါတယ်။

အံမတန်မှကို ထူးခြားတဲ့ ဘုရားပါ။ ရခိုင်ဆိုတာကလည်း အခုချိန်မှာ စစ်ဖြစ်နေတော့ ငြိမ်းချမ်းစေဖို့အတွက်များ ထွက်ပေါ်လာတာလားတောင် ယုံမှတ်ကြည်ညိုမိပါတယ်။

ဒါနဲ့ စကားပြန်ဆက်ရရင် စစ်စခန်းနားမှာ တွေ့တဲ့ ဘုရားမို့ သမိုင်းအမွေအနှစ် ပစ်မထားရစ်ပဲ သေချာ သန့်ရှင်းရေးပြန်လုပ်ပြီးတော့ ရွှေသင်္ကန်းကပ်ပြီး အဲ့ဒီနေရာမှာပဲ ဘုရားတစ်ဆူအဖြစ် ပြန်လည် တည်ထားကိုးကွယ်ဖို့ ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။

ဒီလို ရှေးဟောင်းအမွေအနှစ်ကို စောင့်ရှောက်ပေးတဲ့ စစ်သားတွေလည်း ကျေးဇူးတင်ပါတယ်။

ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ ဘုရားမို့ မိတ်ဆွေတို့လည်း တစ်ပုံခြင်းဖူးရအောင် ကုသိုလ်မျှဝေပေးလိုက်ပါတယ်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Be the first to comment

Leave a Reply

Your email address will not be published.


*