အင်တာနက်မှာ လူပြောများနေတဲ့ လှပနုပျိုလွန်းသော သားအမိ နှစ်ယောက်

အသက်အရွယ်နဲ့မလိုက်အောင်နုပျိုခြင်းဆိုတဲ့ဆုလာဘ်ကို အမျိုးသမီးတိုင်း လိုချင်မက်မောကြပါတယ်။

ဘယ်လောက်ပဲ နုပျိုတယ်ဆိုစေကာမူ ကိုယ်မွေးထားတဲ့သမီးနဲ့ ညီအစ်မအလားထင်ရအောင်နုပျိုတဲ့အမျိုးသမီးမျိုးကတော့ ဒီဇဗ္ဘူမှာ ခပ်ရှားရှားရယ်ပါ။

ဒီလိုကံကောင်းမှုမျိုးကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးကတော့ တောင်ကိုရီးယားနိုင်ငံမှာ လီဆူဂျင်းဆိုတဲ့ သွားဆရာဝန်တစ်ဦးပဲဖြစ်ပါတယ်။

သူမဟာ အသက် ၅၁ နှစ်ရှိပြီဖြစ်ပေမယ့် သူမနဲ့အသက်၃၀ကွာတဲ့သမီးဖြစ်သူနဲ့ ညီအစ်မလို့ထင်ရလောက်အောင် နုပျိုတဲ့အတွက် မြင်တွေ့ရသူတိုင်း အံ့အားသင့်ရပါတယ်။

သူမဘယ်လောက်တောင်နုပျိုလဲဆိုရင် မြင်ရသူတိုင်းက သူတို့သားအမိ၂ယောက်မှာ ဘယ်ဟာအမေလဲဆိုတာ ခွဲမရတဲ့အထိပါပဲတဲ့။

ကဲ ပရိသတ်ကြီးရော ဒီပုံလေးတွေကြည့်ရင်း ဘယ်သူက အမေ ဘယ်သူကသမီးရယ်လို့ ခွဲခြားလို့ရကြရဲ့လား။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )

၁။

၂။

၃။

၄။