မိဘကို ဆဲဆိုမိလျှင် ခံစားရမယ့် ဒဏ်(၁၀)ပါး

မိဘကို ဆဲဆိုအော်ဟစ်သူများ လက်ရှိ ဘ၀မှာတင် ခံစားရနိုင်တဲ့ ဒဏ် (၁၀)ပါး

ကိုယ်က မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေမိဘတွေကို ဒေါသတကြီး အော်ကြီးဟစ်ကျယ်ပြန်လာပြောဆိုရင်၊

လက်ရှိ ပစ္စုန်ပ္ပန် ဘဝ မှာ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါး ပါးသင့်တတ်တယ်။

ဒဏ်ဆယ်ပါး က ဘာတွေလဲ

၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်

၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း

၃။ အနာရောဂါဖြစ်ခြင်း

၄။ ရူးသွပ်ခြင်း

၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း

၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း

၇။ မိဘ၊သားသမီး၊ဇနီးမယား၊ဆွေမျိုးများ ပျက်စီးခြင်း

၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း

၉။ နေအိမ်စသည့် မီးလောင်ခြင်း

၁၀။ ငရဲကျရောက်ခြင်း

ဒါကြောင့် ကိုယ်က မှန်နေတယ်ဆိုရင်တောင်မှ မိဘ တွေ ကို ဒေါသတကြီး အော်ဟစ်ကြီးကျယ် ပြန်လှန်မပြောဆို သင့်ဘူးပေါ့ ။

အကျိုးသင့် အကြောင်းသင့် နားဝင်အောင် အေးအေးဆေးဆေးသာ ပြောရတယ်။

အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ လက်မခံရင်လည်းသူတို့ ကွယ်ရာကနေ ရှောင်ထွက်သွားလိုက်ပါ ။

မိဘတွေ စိတ်ဆိုး ပြေလောက်မှ ဖြေးဖြေးခြင်း သူတို့ကိုပြန်ရှင်း ပြလိုက်ပါ။

အကယ်၍ မိဘ များကို လွန်လွန်ကျူးကျူး ပြန်ပြောမိပြီ ဆိုရင် ဘုရားကျောင်း ဆောင်ရှေ့သွားပြီး ဝန်ချကန်တော့ တောင်းပန်ပါ ။

မိဘကိုဖွင့်ပြောပြီး ဝန်ချကန်တော့နိုင်ရင် တော့ ပိုကောင်းတာပေါ့နော်။

သားလိမ္မာ၊သမီးလိမ္မာများ ဖြစ်နိုင်ကြပါစေခင်ဗျား၊

Credit_ဓမ္မရတနာ