
ခွေးလေးတွေဆိုတာ ချစ်စရာအရမ်းကောင်းကြတဲ့အလျောက် အိမ်မွေးတိရစ္ဆာန်အဖြစ် အမွေးများဆုံး တိရစ္ဆာန်လည်းဖြစ်ပါတယ်။ဒါပေမယ့် ခွေးတွေအကုန်လုံးက အရမ်းသိမ်မွေ့ပြီး ချစ်စရာကောင်းကြတာ မဟုတ်ပါဘူး။ဒါကြောင့် ဒီနေ့မှာတော့ အန္တရာယ်အများတတ်ဆုံး ခွေးမျိုး (၁၀) ခုကို ဖော်ပြေပေးလိုက်ပါတယ်…
(1)American Pit Bull Terrier
Pitbull တွေက များသောအားဖြင့် သူတို့ရဲ့ ပုံပန်းရသဏ္ဍာန်ကိုက ကြောက်စရာကောင်းတတ်ပါတယ်။အရမ်းလည်း နူးညံ့တတ်ကြပါတယ်။ဒါပေမယ့် အခန့်မသင့်တဲ့ ချိန်ဖြစ်ဖြစ် သူတို့ကို စိတ်ဆိုးအောင်လုပ်မိတဲ့ ချိန်ပဲဖြစ်ဖြစ်ဆိုရင် ရင်ဆိုင်တာထက် ပြေးတာကပိုကောင်းပါလိမ့်မယ်။
(2)Rottweilers
သူတို့ကတော့ ကြမ်းတမ်းတဲ့အမူအကျင့်ကြောင့် နာမည်ကြီးပါတယ်။ကြမ်းတမ်းတယ်ဆိုတာက တကယ်တော့ ခန္တာကိုယ်ကြီးလို့ ကြမ်းတယ်ထင်ရတာပါ။သူတို့ရဲ့ သခင်မိသားစုနဲ့နေရင်တော့ အရမ်းနူးညံ့ကြပါတယ်။ဒါပေမယ့် စိတ်ဆိုးအောင် လုပ်မိရင်တော့ ပြေးဖို့သာ ပြင်ထားပါတယ်။
(3)Doggo Argentino
သူတို့ကိုတော့ Argentinian Mastiff လ်ု့ိလည်းခေါ်ပါတယ်။ကြမ်းတမ်းတဲ့နေရာမှာတော့ Pit Bull တွေကိုတောင် မကြောက်တဲ့ ခွေးမျိုးပါ။ဒီခွေးမျိုးစိတ်ဟာ အရမ်းအန္တရာယ်များလို့ Australia,Singapore ,Ukraine နဲ့ UK တို့လိုနိုင်ငံတွေမှာ မွေးမြူခွင့်တားမြစ်ထားပါတယ်။
(4)Doberman Pinscher
ဇာတ်ကားတော်တော်များများ ရက်စက်ကြမ်းတမ်းတဲ့ ခွေးတွေအဖြစ်ခဏခဏ အသုံးခံရတာဟာ တကယ်တော့ အကြောင်းမဲ့မဟုတ်ပါဘူး။ကိုယ့်သခင်အပေါ် သစ္စာရှိသလောက် တိုက်ခိုက်စရာရှိလာရင်တော့ မတွန့်တိုပဲ အကြမ်းပတမ်း တိုက်ခိုက်တဲ့ ခွေးမျိုးပါ။မွေးမယ်ဆိုတောင် သေချာစဉ်းစားရမှာပါ။
(5)Akita
ဒီခွေးမျိုးရဲ့ ပင်ကိုဗီဇကိုက ခေါင်းဆောင်တတ်တဲ့ ဗီဇဖြစ်လို့ တော်ရုံဆို လိုက်ထိန်းဖို့မလွယ်ပါ။တိုက်ခိုက်ရာမှာလည်း အရမ်းကြမ်းပြီး ကိုယ့်သခင်မိသားစုကလွဲရင် သိပ်မနူးညံ့ပါဘူး။သူတို့ အစာနဲ့ပတ်သက်ရင် အရမ်း စိတ်ကြီးပါတယ်။သူတို့ အစာစားနေတုန်း အနားသွားကပ်မိရင်တော့ လွယ်မှာမဟုတ်ပါဘူး။
(6)Gull Dong
ဒီခွေးမျိုးစိတ်ကတော့ အရှားပါးဆုံးခွေးမျိုးစိတ်ထဲက တစ်ခုပါ။အိမ်မှာ မွေးမျိုလို့ သိပ်တော့ မကောင်းပါဘူး။ပါကစ္စတန် ခွေးမျိုးစိတ်ဖြစ်တဲ့ သူတို့ကတော့ အရမ်းခန့်မှန်းရခက်တဲ့ အကျင့်တွေရှိပါတယ်တဲ့။ကိုယ့်သခင်ကိုတောင် ပြန်ကိုက်တာမျိုးရှိပါတယ်။
(7)Perro de Preasa Canario
အမှန်တိုင်းပြောရရင် သူတို့တွေက မကြမ်းတမ်းပါဘူး။အရွယ်အစားကြီးတဲ့အပြင် အရမ်းထက်မြက်ကြပါတယ်။တည်တည်ငြိမ်ငြိမ်နဲ့ အရမ်းတော်တဲ့ ကိုယ်ရံတော် ခွေးမျိုးပါ။သို့သော် တိုက်ခိုက်ဖို့ လိုလာရင်တော့ တစ်စက်မှမလျှော့အောင် ကြမ်းတမ်းကြပါတယ်။
(8)Tosa Inu
Tosa ခွေးမျိုးကတော့ Japan ကနေလာတာပဲဖြစ်ပါတယ်။သူတို့ကိုတော့ တိုက်ခိုက်ခွေးအဖြစ် မွေးကြတာ များပါတယ်။ကြမ်းတမ်းတဲ့ ခွေးမျိုးအဖြစ်နာမည်ကြီးကြတာ ဖြစ်တဲ့အတွက် ခွေးကိုက ရှားတာပါ။အရမ်းစွမ်းတဲ့ သွားတွေ ပိုင်ဆိုင်ထားတယ်လို့ နာမည်ကြီးပါတယ်။
(9)Chow Chow
နာမည်ရော ရုပ်ကောကြည့်ပြီး ချစ်စရာ Teddy Bear နဲ့တူတယ်မထင်လိုက်ပါနဲ့။ရုပ်က ချစ်စရာကောင်းသလောက် ကြမ်းတမ်းပါတယ်။သူတို့ သခင်တွေကိုတောင် ပြန်တိုက်တာတွေ ရှိဖူးပါတယ်။အကြောင်းရင်းက ရှင်းရှင်းလေး..သူတို့ကို ဟိုဟာလုပ်ခိုင်း ဒီဟာ လုပ်ခိုင်းတာကို မကြိုက်ကြလို့တဲ့။
(10)Cane Corso
နောက်ဆုံးဖော်ပြချင်တဲ့ ခွေးမျိုးကတော့ Cane Corso ဖြစ်ပါတယ်။တောင်ကုန်းပေါ်က ခြသေ့ၤတွေနဲ့ ဖိုက်နိုင်လောက်အောင် အမျိုးစပ်ထားတဲ့ ခွေးမျိုးပါ။
ကြမ်းတမ်းနိုင်သလောက် အရမ်းကို နူးညံ့တဲ့ အိမ်မွေးတိရစ္ဆာရန်တွေလည်းဖြစ်ပါတယ်။စိတ်ဆိုးအောင် သွားမလုပ်ခင် အထိပေါ့။
ဝင်ရောက်ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။